ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 28:1-2-11 Common Language Bible (BCL)

1-2. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​ပူ​ဇော်​သကာ​များ​ကို သတ် မှတ်​သော​အ​ချိန်​အ​ခါ​၌​ပူ​ဇော်​ဆက်​သ​ရ မည်​ဖြစ်​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ အား​ဖြင့်​ဆင့်​ဆို​စေ​တော်​မူ​၏။

3. ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဆက်​သ​ရ​မည့် သကာ​များ​ကို​ဖော်​ပြ​ပေ​အံ့။ နေ့​စဉ်​မီး​ရှို့ ရာ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ​ကင်း​သော တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။-

4. သိုး​က​လေး​တစ်​ကောင်​ကို​နံ​နက်​တွင်​ပူ​ဇော်​၍ အ​ခြား​တစ်​ကောင်​ကို​ည​နေ​တွင်​ပူ​ဇော်​ရ​မည်။-

5. သိုး​တစ်​ကောင်​စီ​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ် ပေါင်​နှင့် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​နှစ်​ပိုင့်​ရော နယ်​ထား​သော​ဘော​ဇဉ်​သကာ​ကို​လည်း​ပူ​ဇော် ရ​မည်။-

6. ဤ​သကာ​သည်​နေ့​စဉ်​အ​ကုန်​အ​စင်​မီး​ရှို့​ပူ ဇော်​ရ​သော​သကာ​ဖြစ်​၏။ ဤ​သကာ​သည်​သိ​နာ တောင်​ပေါ်​တွင်​ဦး​စွာ​ပူ​ဇော်​ခဲ့​သော​သကာ​ဖြစ်​၍ ယင်း​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။-

7. ပ​ထ​မ​သိုး​က​လေး​နှင့်​အ​တူ​ယဇ်​ပလ္လင်​တွင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လောင်း​၍​စ​ပျစ်​ရည် သကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။-

8. ည​နေ​တွင်​ဒု​တိ​ယ​သိုး​က​လေး​ကို​ပူ​ဇော် သော​အ​ခါ​၌​လည်း နံ​နက်​တွင်​ပူ​ဇော်​ဆက်​သ သည့်​နည်း​တူ​စ​ပျစ်​ရည်​သကာ​ပါ​လျက်​ပူ​ဇော် ရ​မည်။ ဤ​သကာ​သည်​လည်း​ပူ​ဇော်​သကာ​ဖြစ် ၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။

9. ဥ​ပုသ်​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​တစ် နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်၊ သံ​လွင်​ဆီ နှင့်​ဂျုံ​မုန့်​ညက်​လေး​ပေါင်​ကို​ရော​နယ်​ထား သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​တို့​ကို ပူ​ဇော်​ရ​မည်။-

10. နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​စ​ပျစ်​ရည်​သကာ အ​ပြင် ဤ​မီး​ရှို့​ရာ​သကာ​ကို​ဥ​ပုသ်​နေ့ တိုင်း​ပူ​ဇော်​ရ​မည်။

11. လ​ဆန်း​တစ်​ရက်​နေ့​တိုင်း​ထာ​ဝ​ရ​ဘု​ရား အား အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​ပျို​နှစ် ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​မီး​ရှို့ ပူ​ဇော်​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 28