12. ဘောဇဉ်သကာအဖြစ်သံလွင်ဆီရောထားသော မုန့်ညက်ကိုဆက်သရမည်။ နွားတစ်ကောင်စီနှင့် အတူမုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုး ထီးနှင့်အတူမုန့်ညက်လေးပေါင်ကိုလည်း ကောင်း၊-
13. သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းဆက်သရမည်။ ဤ မီးရှို့ရာသကာများသည်ပူဇော်သကာများ ဖြစ်၍ ယင်း၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
14. ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-
15. နေ့စဉ်ဆက်သရသောမီးရှို့ရာယဇ်နှင့်တကွ စပျစ်ရည်သကာအပြင်ဆိတ်ထီးတစ်ကောင် ကိုလည်းအပြစ်ဖြေရာယဇ်အဖြစ်ပူဇော် ရမည်။
16. နှစ်စဉ်ပထမလတစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သောပသခါပွဲတော်ကိုကျင်းပရမည်။-
17. တစ်ဆယ့်ငါးရက်နေ့မှအစပြု၍ခုနစ်ရက် တိုင်တိုင် ဋ္ဌမ္မပွဲတော်ကိုကျင်းပရမည်။ ထိုပွဲ တော်ရက်အတွင်းတဆေးမဲ့မုန့်ကိုသာစား ရမည်။-
18. ပွဲတော်ပထမနေ့တွင်သင်တို့စုဝေးဝတ်ပြု ရမည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
19. ထာဝရဘုရားအားဆက်သသောပူဇော် သကာအဖြစ် အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ပူဇော် ရမည်။-
20. မီးရှို့ရာယဇ်နှင့်တွဲဖက်၍ဘောဇဉ်သကာ အဖြစ် သံလွင်ဆီရောထားသောမုန့်ညက်ကို ဆက်သရမည်။ နွားထီးတစ်ကောင်စီနှင့်အတူ မုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုးထီး နှင့်အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
21. သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
22. အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီးတစ်ကောင် ကိုလည်းပူဇော်ရမည်။ ဤနည်းအားဖြင့်လူ တို့အတွက်သန့်စင်မှုကိုဝတ်ပြုရမည်။-
23. နံနက်တိုင်းမီးရှို့ရာယဇ်အပြင်ဤပူဇော် သကာများကိုဆက်သရမည်။-