ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 23:12-20 Common Language Bible (BCL)

12. ဗာ​လမ်​က``ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို​စေ​လို သည့်​အ​တိုင်း​သာ​လျှင် ငါ​ဆင့်​ဆို​နိုင်​သည်'' ဟု ပြန်​ဖြေ​လေ​၏။

13. ထို​နောက်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ဣသ​ရေ​လ အ​မျိုး​သား​အ​ချို့​ကို​သာ မြင်​နိုင်​သော​နေ​ရာ​သို့ လိုက်​ခဲ့​ပါ။ ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို ကျိန်​ဆဲ ပါ​လော့'' ဟု​ဆို​လေ​၏။-

14. သို့​ဖြစ်​၍​ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​ကို ပိ​သ​ဂါ တောင်​ပေါ်​ရှိ​ဇော​ဖိမ်​ကွင်း​သို့​ခေါ်​ဆောင်​သွား​လေ သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​လေ​သည်။

15. ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``သင်​သည်​မီး​ရှို့ ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ငါ​သည်​သွား​၍ ဘုရား​သခင်​နှင့်​တွေ့​ဆုံ​မည်'' ဟု​ဆို​၏။

16. ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို​ရ​မည့် စ​ကား​ကို​မိန့်​ကြား​ပြီး​နောက်​ဗာ​လမ်​ကို​ဗာ​လက် ထံ​သို့​ပြန်​စေ​တော်​မူ​၏။-

17. ထို့​ကြောင့်​ဗာ​လမ်​သည်​ဗာ​လက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​၏။ ဗာ​လက် ဘု​ရင်​က​ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​ကြား တော်​မူ​ကြောင်း​ကို​မေး​မြန်း​၏။-

18. ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။``ဇိ​ဖော်​၏​သား​ဗာ​လက်၊ငါ့​ထံ​သို့​လာ​၍ ငါ​ပြော​မည့်​စ​ကား​ကို​နား​ထောင်​လော့။

19. ဘု​ရား​သ​ခင်​သည်​လူ​ကဲ့​သို့​မု​သား​စ​ကား ကို​မ​ပြော။ လူ​ကဲ့​သို့​စိတ်​ပြောင်း​လဲ​တော်​မ​မူ။က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​၏။ အ​မိန့်​တော်​အ​တိုင်း​ဖြစ်​ပျက်​တတ်​၏။

20. ကောင်း​ချီး​ပေး​ရန်​ငါ့​အား​စေ​ခိုင်း​တော်​မူ​ပြီ။ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကောင်း​ချီး​ကို ငါ​သည်​မ​ရုတ်​သိမ်း​နိုင်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 23