1. ဗာလမ်က``ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့'' ဟု ဗာလက်အားစေခိုင်းလေသည်။
2. ဗာလမ်စေခိုင်းသည့်အတိုင်းဗာလက်သည် ဆောင်ရွက်၍ သူတို့နှစ်ဦးသည်ယဇ်ပလ္လင်တစ်ခု စီပေါ်တွင်နွားတစ်ကောင်နှင့်သိုးတစ်ကောင် ကိုယဇ်ပူဇော်ကြလေသည်။-
3. ထိုနောက်ဗာလမ်ကဗာလက်အား``သင်သည် မီးရှို့ရာယဇ်နားတွင်ရပ်နေလော့။ ထာဝရ ဘုရားသည်ငါနှင့်တွေ့ဆုံရန်ကြွလာမည်၊ မကြွလာမည်ကိုသွား၍ကြည့်မည်။ ထာဝရ ဘုရားကငါ့အား ဗျာဒိတ်ပေးတော်မူသမျှ ကိုသင့်အားငါပြောပြမည်'' ဟုဆိုလေ၏။ ထိုကြောင့်သူသည်တစ်ယောက်တည်းတောင် ကုန်းတစ်ခုပေါ်သို့တက်သွားသောအခါ၊-
4. ဘုရားသခင်သည်သူနှင့်တွေ့ဆုံရန်ကြွ လာတော်မူ၏။ ထိုအခါဗာလမ်ကထာဝရ ဘုရားအား``အကျွန်ုပ်သည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍တစ်ခုစီပေါ်တွင် နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်ပါပြီ'' ဟု လျှောက်ထားလေ၏။
5. ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆို ရမည့်စကားကိုမိန့်ကြားပြီးလျှင်ဗာလမ် ကိုဗာလက်ထံသို့ပြန်စေတော်မူ၏။-
6. သို့ဖြစ်၍ဗာလမ်သည်ဗာလက်ဘုရင်ထံသို့ ပြန်လာသောအခါ ဘုရင်သည်မောဘအမျိုး သားခေါင်းဆောင်တို့နှင့်အတူ မီးရှို့ရာယဇ်ပလ္လင် အနားတွင်ရပ်နေသည်ကိုတွေ့မြင်ရလေ၏။