ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 22:21-31 Common Language Bible (BCL)

21. သို့​ဖြစ်​၍​နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ် သည် မြည်း​ကို​ကုန်း​နှီး​တင်​၍​စီး​ပြီး​လျှင် မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​နှင့် အ​တူ​လိုက်​သွား​လေ​၏။

22. ထို​သို့​ဗာ​လမ်​လိုက်​သွား​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​လေ​၏။ ဗာ​လမ် သည်​အ​စေ​ခံ​နှစ်​ယောက်​လိုက်​ပါ​လျက်​မြည်း ကို​စီး​၍​သွား​နေ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည်​သူ​သွား​ရာ​လမ်း ပေါ်​တွင်​ရပ်​၍​တား​ဆီး​နေ​၏။-

23. မြည်း​သည်​လမ်း​ပေါ်​တွင်​ဋ္ဌား​ကို​ကိုင်​ဆွဲ​လျက် ရပ်​နေ​သော ကောင်း​ကင်​တ​မန်​ကို​မြင်​လျှင်​လမ်း လွှဲ​၍​လယ်​ကွင်း​ထဲ​သို့​ဆင်း​လေ​၏။ ထို​အ​ခါ ဗာ​လမ်​သည်​မြည်း​ကို​ရိုက်​၍​လမ်း​မ​ပေါ်​သို့ ပြန်​တက်​စေ​၏။-

24. ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​စ​ပျစ်​ဥ​ယျာဉ် နှစ်​ခု​၏ ကျောက်​နံ​ရံ​အ​ကြား​လမ်း​ကျဉ်း​ပေါ် တွင်​ရပ်​နေ​လေ​သည်။-

25. မြည်း​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​နံ​ရံ​တစ်​ဖက်​သို့​ကပ်​သ​ဖြင့် ဗာ​လမ် ၏​ခြေ​ညှပ်​မိ​လေ​သည်။ ထို​အ​ခါ​ဗာ​လမ် သည်​မြည်း​ကို​ရိုက်​ပြန်​သည်။-

26. တစ်​ဖန်​ကောင်း​ကင်​တမန်​သည်​ရှေ့​မှ​ဆီး​ကြို​၍ ဝဲ​ယာ​သို့​မြည်း​မ​လှည့်​သာ​သော​နေ​ရာ​တွင် ရပ်​နေ​၏။-

27. မြည်း​သည်​ကောင်းကင်​တ​မန်​ကို​မြင်​ပြန်​သော အ​ခါ လမ်း​မ​ပေါ်​တွင်​ဝပ်​ချ​လိုက်​၏။ ဗာ​လမ် သည်​ဒေါ​သ​ထွက်​၍​မြည်း​ကို​တောင်​ဝှေး​ဖြင့် ရိုက်​လေ​သည်။-

28. ထို​အ​ခါ​ထာဝရ​ဘု​ရား​သည်​မြည်း​ကို​လူ​ကဲ့ သို့ စ​ကား​ပြော​စေ​သ​ဖြင့်​မြည်း​က​ဗာ​လမ် အား``ငါ့​ကို​အ​ဘယ်​အ​ပြစ်​ကြောင့်​သုံး​ကြိမ် တိုင်​အောင်​ရိုက်​ရ​ပါ​သ​နည်း'' ဟု​မေး​လေ သည်။

29. ဗာ​လမ်​က``သင်​သည်​ငါ့​ကို​အ​ရူး​ဖြစ်​အောင် ပြု​လုပ်​ပါ​သည်​တ​ကား။ ငါ့​လက်​ထဲ​၌​ဋ္ဌား ရှိ​လျှင်​သင့်​ကို​ငါ​သတ်​မည်'' ဟု​ဆို​လေ​၏။

30. ထို​အ​ခါ​မြည်း​က``ငါ​သည်​သင်​စီး​နေ​ကျ မြည်း​မ​ဟုတ်​ပါ​သ​လော။ ငါ​သည်​ယ​ခင်​ဤ ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ​သ​လော'' ဟု​ဗာ​လမ်​အား မေး​လေ​၏။ဗာ​လမ်​က``မ​ပြု​ဘူး'' ဟု​ပြန်​ပြော​၏။

31. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လမ်​အား ဋ္ဌား​ကိုင်​၍ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​ကို မြင်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မြေ​ပေါ်​တွင် ပျပ်​ဝပ်​၍​နေ​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 22