16. သူတို့သည်ဗာလမ်ထံသို့သွား၍``ငါ့ထံလာ ဖြစ်အောင်လာပါလော့။-
17. ကိုယ်တော်အားထိုက်ထိုက်တန်တန်ချီးမြှင့် ပါမည်။ ကိုယ်တော်ခိုင်းစေသမျှကိုဆောင်ရွက် ပေးပါမည်။ ကြွလာ၍ဤသူတို့ကိုကျိန်ဆဲ ပါလော့'' ဟူသောဗာလက်၏လျှောက်ထား ချက်ကိုတင်ပြကြ၏။
18. သို့ရာတွင်ဗာလမ်က``ဗာလက်ဘုရင်သည်နန်း တော်တွင်ရှိသမျှသောရွှေ၊ ငွေကို ငါ့အားပုံ၍ ပေးသော်လည်းငါ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုငါမလွန်ဆန်နိုင်။-
19. သို့ရာတွင်ထာဝရဘုရားသည်ငါ့အား မည် ကဲ့သို့မိန့်တော်မူဦးမည်ကိုသိရှိနိုင်ရန် သင်တို့သည် ယနေ့ညငါ့ထံတွင်တည်းခို နေထိုင်ကြပါ'' ဟုဆို၏။
20. ထိုနေ့ညတွင်ဘုရားသခင်သည်ဗာလမ်ထံ သို့ကြွလာ၍``ဤသူတို့သည်သင့်ကိုသူတို့ နှင့်အတူလိုက်ပါရန် ခေါ်ဖိတ်လျှင်လိုက်သွား လော့။ သို့ရာတွင်သင်သည်ငါညွှန်ကြားသည့် အတိုင်းသာဆောင်ရွက်ရမည်'' ဟုမိန့်တော် မူ၏။-
21. သို့ဖြစ်၍နောက်တစ်နေ့နံနက်တွင်ဗာလမ် သည် မြည်းကိုကုန်းနှီးတင်၍စီးပြီးလျှင် မောဘအမျိုးသားခေါင်းဆောင်တို့နှင့် အတူလိုက်သွားလေ၏။
22. ထိုသို့ဗာလမ်လိုက်သွားသဖြင့်ဘုရားသခင်သည် အမျက်တော်ထွက်လေ၏။ ဗာလမ် သည်အစေခံနှစ်ယောက်လိုက်ပါလျက်မြည်း ကိုစီး၍သွားနေစဉ် ထာဝရဘုရား၏ ကောင်းကင်တမန်သည်သူသွားရာလမ်း ပေါ်တွင်ရပ်၍တားဆီးနေ၏။-
23. မြည်းသည်လမ်းပေါ်တွင်ဋ္ဌားကိုကိုင်ဆွဲလျက် ရပ်နေသော ကောင်းကင်တမန်ကိုမြင်လျှင်လမ်း လွှဲ၍လယ်ကွင်းထဲသို့ဆင်းလေ၏။ ထိုအခါ ဗာလမ်သည်မြည်းကိုရိုက်၍လမ်းမပေါ်သို့ ပြန်တက်စေ၏။-
24. ထိုနောက်ကောင်းကင်တမန်သည်စပျစ်ဥယျာဉ် နှစ်ခု၏ ကျောက်နံရံအကြားလမ်းကျဉ်းပေါ် တွင်ရပ်နေလေသည်။-
25. မြည်းသည်ကောင်းကင်တမန်ကိုမြင်သော အခါနံရံတစ်ဖက်သို့ကပ်သဖြင့် ဗာလမ် ၏ခြေညှပ်မိလေသည်။ ထိုအခါဗာလမ် သည်မြည်းကိုရိုက်ပြန်သည်။-
26. တစ်ဖန်ကောင်းကင်တမန်သည်ရှေ့မှဆီးကြို၍ ဝဲယာသို့မြည်းမလှည့်သာသောနေရာတွင် ရပ်နေ၏။-
27. မြည်းသည်ကောင်းကင်တမန်ကိုမြင်ပြန်သော အခါ လမ်းမပေါ်တွင်ဝပ်ချလိုက်၏။ ဗာလမ် သည်ဒေါသထွက်၍မြည်းကိုတောင်ဝှေးဖြင့် ရိုက်လေသည်။-
28. ထိုအခါထာဝရဘုရားသည်မြည်းကိုလူကဲ့ သို့ စကားပြောစေသဖြင့်မြည်းကဗာလမ် အား``ငါ့ကိုအဘယ်အပြစ်ကြောင့်သုံးကြိမ် တိုင်အောင်ရိုက်ရပါသနည်း'' ဟုမေးလေ သည်။