1. တစ်ဖန်ဣသရေလအမျိုးသားတို့သည် ခရီး ဆက်ခဲ့ကြရာယေရိခေါမြို့တစ်ဘက်၊ ယော်ဒန် မြစ်အရှေ့ဘက်ရှိမောဘလွင်ပြင်တွင်စခန်း ချကြလေသည်။
2. မောဘပြည်ဘုရင်၊ ဇိဖော်၏သားဗာလက်သည် ဣသရေလအမျိုးသားတို့၏လူအင်အား များပြားကြောင်းကိုလည်းကောင်း၊ ထိုဣသ ရေလလူတို့သည် အာမောရိလူတို့ကိုမည် ကဲ့သို့ပြုခဲ့ကြသည်ကိုလည်းကောင်းကြား သိရသောအခါ၊-
3. သူနှင့်တကွတိုင်းသူပြည်သားအပေါင်းတို့ သည် ထိတ်လန့်ကြောက်ရွံ့လာကြလေသည်။-
4. ထို့ကြောင့်သူတို့သည်မိဒျန်ပြည်အမျိုးသား ခေါင်းဆောင်တို့အား``နွားသည်စားကျက်ရှိမြက် ကိုကုန်စင်အောင်စားသကဲ့သို့ဤလူအုပ်ကြီး သည် ငါတို့ပတ်ဝန်းကျင်၌ရှိသမျှကိုဖျက်ဆီး ပစ်လိမ့်မည်'' ဟုဆိုကြ၏။ သို့ဖြစ်၍ဗာလက် ဘုရင်သည်၊-
5. အမ္မုန်ပြည်ယူဖရေးမြစ်အနီးရှိပေသော် မြို့တွင် နေထိုင်သောဗောရ၏သားဗာလမ်အား လျှောက်ထားပင့်ခေါ်ခြင်းငှာ စေတမန်များ ကိုစေလွှတ်လိုက်လေသည်။ ဗာလက်၏လျှောက် ထားချက်တွင်``လူမျိုးတစ်မျိုးသည်ထွက်လာ ၍နေရာအနှံ့အပြားသို့ရောက်ပြီးနောက် ယခုငါတို့၏ပြည်ကိုသိမ်းယူရန်ခြိမ်း ခြောက်နေကြပါပြီ။-
6. သူတို့သည်ငါတို့ထက်လူအင်အားပိုများ သဖြင့် လာ၍သူတို့ကိုကျိန်ဆဲပါလော့။ သို့ ပြုလျှင်သူတို့ကိုငါတိုက်ခိုက်၍ နှင်ထုတ်နိုင် ကောင်းနှင်ထုတ်နိုင်ပါလိမ့်မည်။ ကိုယ်တော် ကောင်းချီးပေးသူတို့သည်ကောင်းချီးကို ခံရ၍ ကိုယ်တော်ကျိန်ဆဲသောသူတို့သည် ကျိန်စာသင့်ကြပါလိမ့်မည်'' ဟုဖော်ပြ ပါရှိလေသည်။
7. ထို့ကြောင့်မောဘအမျိုးသားနှင့်မိဒျန် အမျိုးသားခေါင်းဆောင်တို့သည် ခြေကြွခ ငွေကိုယူဆောင်၍ ဗာလမ်ထံသို့သွားပြီး လျှင်ဗာလက်၏လျှောက်ထားချက်ကို တင်ပြကြလေသည်။-