ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 21:21-35 Common Language Bible (BCL)

21. ဣ​သ​ရေ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​လျက်၊-

22. ``အ​ကျွန်ုပ်​တို့​အား​မင်း​ကြီး​၏​ပြည်​ကို​ဖြတ် သွား​ခွင့်​ပြု​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​သည် လမ်း​မ​ကြီး​အ​တိုင်း သွား​ပါ​မည်။ မင်း​ကြီး​၏​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​ကျော်​သွား​မည် မ​ဟုတ်​ပါ။ မင်း​ကြီး​၏​ရေ​တွင်း​များ​မှ​ရေ​ကို လည်း​မ​သောက်​ပါ။ အ​ကျွန်ုပ်​တို့​သည်​မင်း​ကြီး ၏​နယ်​မြေ​မှ​ထွက်​သည်​အ​ထိ လမ်း​မ​ကြီး အ​တိုင်း​ဖြတ်​သွား​ပါ​မည်'' ဟူ​၍​အ​ခွင့် တောင်း​စေ​၏။-

23. သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။-

24. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန် သူ​များ​စွာ​တို့​ကို တိုက်​ပွဲ​၌​ကျ​ဆုံး​စေ​ပြီး​လျှင် အာ​နုန်​မြစ်​မှ​မြောက်​ဘက်​အမ္မုန်​ပြည်​နယ်​စပ် ယဗ္ဗုတ်​မြစ်​တိုင်​အောင် ရှိ​ဟုန်​ဘု​ရင်​၏​နယ်​မြေ များ​ကို​သိမ်း​ယူ​ကြ​လေ​သည်။ အမ္မုန်​ပြည် နယ်​စပ်​တိုင်​အောင်​သာ​ချီ​တက်​နိုင်​ခြင်း​မှာ ထို​နယ်​စပ်​ကို​ခိုင်​ခံ့​စွာ​ကာ​ကွယ်​ထား​ခြင်း ကြောင့်​ဖြစ်​သည်။-

25. ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဟေ​ရှ​ဘုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပါ​အ​ဝင် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​မြို့ အား​လုံး​ကို​သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ ထိုင်​ကြ​လေ​သည်။-

26. ဟေ​ရှ​ဘုန်​မြို့​သည်​ကား​ရှိ​ဟုန်​ဘု​ရင်​နန်း​စိုက် သော​မြို့​တော်​ဖြစ်​သည်။ ရှိ​ဟုန်​ဘု​ရင်​၏​ပိုင်​နက် မှာ​အာ​နုန်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​သော ယ​ခင် မော​ဘ​ပြည်​ဘု​ရင်​ပိုင်​နက်​ဖြစ်​သည်။ ထို​နယ်​မြေ ကို​ရှိ​ဟုန်​ဘု​ရင်​က​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​ခြင်း ဖြစ်​သည်။-

27. သို့​ဖြစ်​၍​က​ဗျာ​ဆ​ရာ​တို့​က၊``ရှိ​ဟုန်​ဘု​ရင်​၏​မြို့​တော်​ဟေ​ရှ​ဘုန်​မြို့​သို့ လာ​ကြ​လော့။ငါ​တို့​သည်​ထို​မြို့​ကို​အ​သစ်​တစ်​ဖန်​တည်​ကြ ကုန်​စို့။

28. တစ်​ခါ​က​ရှိ​ဟုန်​ဘု​ရင်​၏​တပ်​သည်​ဟေ​ရှ​ဘုန် မြို့​မှ ထွက်​သော​မီး​လျှံ​ကဲ့​သို့​ချီ​တက်​၍မော​ဘ​ပြည်​အာ​ရ​မြို့​ကို​ဖျက်​ဆီး​လျက် အာ​နုန်​မြစ် အ​ထက်​ပိုင်း​ရှိ​တောင်​များ​ကို​လောင်​ကျွမ်း​စေ​၏။

29. မော​ဘ​ပြည်​သား​တို့​သင်​တို့​သည်​အ​လွန် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​ပါ​ပြီ​တ​ကား။ခေ​မု​ရှ​ဘု​ရား​ကို​ကိုး​ကွယ်​သော​အ​သင်​တို့ ပျက်​စီး​ရ​ကြ​လေ​ပြီ။သင်​တို့​၏​ဘု​ရား​များ​သည်​သင်​တို့​၏​အ​မျိုး သား​များ​ကို စစ်​ပြေး​ဒုက္ခ​သည်​များ​ဖြစ်​စေ​၍၊အ​မျိုး​သ​မီး​များ​ကို​အာ​မော​ရိ​ဘု​ရင်​၏ သုံ့​ပန်း​များ​ဖြစ်​စေ​၏။

30. သို့​ဖြစ်​၍​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ဟေ​ရှ​ဘုန်​မြို့​မှ​ဒိ​ဘုန်​မြို့​သို့​လည်း​ကောင်း၊နာ​ရှင်​မြို့​မှ​မေ​ဒ​ဘ​မြို့​အ​နီး​နော​ဖာ​မြို့​သို့ လည်း​ကောင်း၊ဖျက်​ဆီး​သုတ်​သင်​ခြင်း​ခံ​ရ​လေ​ပြီ'' ဟူ​၍ စပ်​ဆို​ကြ​၏။

31. သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ လေ​သည်။-

32. မော​ရှေ​သည်​ယာ​ဇာ​မြို့​ကို​မ​တိုက်​ခိုက်​မီ လူ​ကို စေ​လွှတ်​၍​ထောက်​လှမ်း​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ထို​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​သ​ဖြင့် အာ​မော​ရိ အ​မျိုး​သား​တို့​သည်​ထို​မြို့​များ​မှ​ထွက်​ပြေး ကြ​၏။

33. ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​ရှန် ပြည်​ကို​ဦး​တည်​ချီ​တက်​ကြ​လေ​သည်။ ထို​အ​ခါ ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​သည်​စစ်​ချီ​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ဧ​ဒြိ​အ​ရပ်​တွင် တိုက်​ခိုက်​လေ​သည်။-

34. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သူ့​ကို​မ ကြောက်​နှင့်။ သူ​နှင့်​တ​ကွ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ​၏​ပြည်​ကို လည်း​ကောင်း​သင့်​လက်​၌​ငါ​အပ်​ပေး​မည်။ သင်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ​သော အာ မော​ရိ​ဘု​ရင်​ရှိ​ဟုန်​အား​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-

35. ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သြ​ဃ​ဘု​ရင်​နှင့်​သူ​၏​သား​များ​အ​ပါ​အ​ဝင် တိုင်း​သူ​ပြည်​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​သတ်​ဖြတ်​ပြီး​နောက်​တိုင်း​ပြည်​ကို သိမ်း​ပိုက်​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 21