18. မင်းညီမင်းသားနှင့်ခေါင်းဆောင်တို့တူးဖော် သော ရေတွင်း၊ရာဇလှံတံနှင့်တောင်ဝှေးများဖြင့်တူးဖော်သောရေတွင်းပေတည်း'' ဟူ၍ဖြစ် သည်။သူတို့သည်ထိုတောကန္တာရမှမတ္တနာစခန်း သို့လည်းကောင်း၊-
19. ထိုမှတစ်ဖန်နဟာလျေလစခန်းသို့လည်း ကောင်း၊ နဟာလျေလစခန်းမှဗာမုတ်စခန်း သို့လည်းကောင်း၊-
20. ဗာမုတ်စခန်းမှသဲကန္တာရကိုမျက်နှာမူနေသော ပိသဂါတောင်ခြေရှိမောဘချိုင့်ဝှမ်းသို့လည်း ကောင်းခရီးဆက်ကြလေသည်။
21. ဣသရေအမျိုးသားတို့သည် အာမောရိဘုရင် ရှိဟုန်ထံသို့သံတမန်များစေလွှတ်လျက်၊-
22. ``အကျွန်ုပ်တို့အားမင်းကြီး၏ပြည်ကိုဖြတ် သွားခွင့်ပြုပါ။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ ၏သိုးနွားတိရစ္ဆာန်တို့သည် လမ်းမကြီးအတိုင်း သွားပါမည်။ မင်းကြီး၏လယ်ယာများနှင့် စပျစ်ဥယျာဉ်များကိုဖြတ်ကျော်သွားမည် မဟုတ်ပါ။ မင်းကြီး၏ရေတွင်းများမှရေကို လည်းမသောက်ပါ။ အကျွန်ုပ်တို့သည်မင်းကြီး ၏နယ်မြေမှထွက်သည်အထိ လမ်းမကြီး အတိုင်းဖြတ်သွားပါမည်'' ဟူ၍အခွင့် တောင်းစေ၏။-
23. သို့ရာတွင်ရှိဟုန်ဘုရင်သည်ဣသရေလ အမျိုးသားတို့အား မိမိ၏ပြည်ကိုဖြတ် သန်းခွင့်မပေးချေ။ သူသည်တောကန္တာရရှိ ယာဟတ်မြို့သို့စစ်ချီလာပြီးလျှင် ဣသရေလ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။-
24. သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။-
25. ဤနည်းအားဖြင့်ဣသရေလအမျိုးသားတို့ သည် ဟေရှဘုန်မြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပါအဝင် အာမောရိအမျိုးသားတို့၏မြို့ အားလုံးကိုသိမ်းပိုက်၍ ထိုမြို့များတွင်နေ ထိုင်ကြလေသည်။-
26. ဟေရှဘုန်မြို့သည်ကားရှိဟုန်ဘုရင်နန်းစိုက် သောမြို့တော်ဖြစ်သည်။ ရှိဟုန်ဘုရင်၏ပိုင်နက် မှာအာနုန်မြစ်တိုင်အောင်ကျယ်ပြန့်သော ယခင် မောဘပြည်ဘုရင်ပိုင်နက်ဖြစ်သည်။ ထိုနယ်မြေ ကိုရှိဟုန်ဘုရင်ကတိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။-
27. သို့ဖြစ်၍ကဗျာဆရာတို့က၊``ရှိဟုန်ဘုရင်၏မြို့တော်ဟေရှဘုန်မြို့သို့ လာကြလော့။ငါတို့သည်ထိုမြို့ကိုအသစ်တစ်ဖန်တည်ကြ ကုန်စို့။
28. တစ်ခါကရှိဟုန်ဘုရင်၏တပ်သည်ဟေရှဘုန် မြို့မှ ထွက်သောမီးလျှံကဲ့သို့ချီတက်၍မောဘပြည်အာရမြို့ကိုဖျက်ဆီးလျက် အာနုန်မြစ် အထက်ပိုင်းရှိတောင်များကိုလောင်ကျွမ်းစေ၏။
29. မောဘပြည်သားတို့သင်တို့သည်အလွန် ဆင်းရဲဒုက္ခရောက်ကြရပါပြီတကား။ခေမုရှဘုရားကိုကိုးကွယ်သောအသင်တို့ ပျက်စီးရကြလေပြီ။သင်တို့၏ဘုရားများသည်သင်တို့၏အမျိုး သားများကို စစ်ပြေးဒုက္ခသည်များဖြစ်စေ၍၊အမျိုးသမီးများကိုအာမောရိဘုရင်၏ သုံ့ပန်းများဖြစ်စေ၏။
30. သို့ဖြစ်၍သူတို့၏အဆက်အနွယ်တို့သည် ဟေရှဘုန်မြို့မှဒိဘုန်မြို့သို့လည်းကောင်း၊နာရှင်မြို့မှမေဒဘမြို့အနီးနောဖာမြို့သို့ လည်းကောင်း၊ဖျက်ဆီးသုတ်သင်ခြင်းခံရလေပြီ'' ဟူ၍ စပ်ဆိုကြ၏။
31. သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် အာမောရိပြည်တွင်အခြေချနေထိုင်ကြ လေသည်။-
32. မောရှေသည်ယာဇာမြို့ကိုမတိုက်ခိုက်မီ လူကို စေလွှတ်၍ထောက်လှမ်းစေ၏။ ဣသရေလအမျိုး သားတို့သည်ထိုမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ များကိုတိုက်ခိုက်သိမ်းပိုက်သဖြင့် အာမောရိ အမျိုးသားတို့သည်ထိုမြို့များမှထွက်ပြေး ကြ၏။
33. ထိုနောက်ဣသရေလအမျိုးသားတို့သည် ဗာရှန် ပြည်ကိုဦးတည်ချီတက်ကြလေသည်။ ထိုအခါ ဗာရှန်ပြည်ဘုရင်သြဃသည်စစ်ချီ၍ ဣသ ရေလအမျိုးသားတို့ကိုဧဒြိအရပ်တွင် တိုက်ခိုက်လေသည်။-
34. ထာဝရဘုရားကမောရှေအား``သူ့ကိုမ ကြောက်နှင့်။ သူနှင့်တကွပြည်သူပြည်သား အပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကို လည်းကောင်းသင့်လက်၌ငါအပ်ပေးမည်။ သင်သည်ဟေရှဘုန်မြို့တွင်စိုးစံသော အာ မောရိဘုရင်ရှိဟုန်အားပြုသကဲ့သို့သူ့ အားပြုလော့'' ဟုမိန့်တော်မူ၏။-