ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 21:17-29 Common Language Bible (BCL)

17. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စပ်​ဆို ကြ​သော​သီ​ချင်း​သည်​ကား၊-``ရေ​တွင်း​တို့​ရေ​ထွက်​ကြ​လော့။ ငါ​တို့​သည်​သီ​ချင်း​ဆို​၍​ကြို​ဆို​မည်။

18. မင်း​ညီ​မင်း​သား​နှင့်​ခေါင်း​ဆောင်​တို့​တူး​ဖော် သော ရေ​တွင်း၊ရာ​ဇ​လှံ​တံ​နှင့်​တောင်​ဝှေး​များ​ဖြင့်တူး​ဖော်​သော​ရေ​တွင်း​ပေ​တည်း'' ဟူ​၍​ဖြစ် သည်။သူ​တို့​သည်​ထို​တော​ကန္တာ​ရ​မှ​မတ္တ​နာ​စ​ခန်း သို့​လည်း​ကောင်း၊-

19. ထို​မှ​တစ်​ဖန်​န​ဟာ​လျေ​လ​စ​ခန်း​သို့​လည်း ကောင်း၊ န​ဟာ​လျေ​လ​စ​ခန်း​မှ​ဗာ​မုတ်​စ​ခန်း သို့​လည်း​ကောင်း၊-

20. ဗာ​မုတ်​စ​ခန်း​မှ​သဲ​ကန္တာ​ရ​ကို​မျက်​နှာ​မူ​နေ​သော ပိ​သ​ဂါ​တောင်​ခြေ​ရှိ​မော​ဘ​ချိုင့်​ဝှမ်း​သို့​လည်း ကောင်း​ခ​ရီး​ဆက်​ကြ​လေ​သည်။

21. ဣ​သ​ရေ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​လျက်၊-

22. ``အ​ကျွန်ုပ်​တို့​အား​မင်း​ကြီး​၏​ပြည်​ကို​ဖြတ် သွား​ခွင့်​ပြု​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​သည် လမ်း​မ​ကြီး​အ​တိုင်း သွား​ပါ​မည်။ မင်း​ကြီး​၏​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​ကျော်​သွား​မည် မ​ဟုတ်​ပါ။ မင်း​ကြီး​၏​ရေ​တွင်း​များ​မှ​ရေ​ကို လည်း​မ​သောက်​ပါ။ အ​ကျွန်ုပ်​တို့​သည်​မင်း​ကြီး ၏​နယ်​မြေ​မှ​ထွက်​သည်​အ​ထိ လမ်း​မ​ကြီး အ​တိုင်း​ဖြတ်​သွား​ပါ​မည်'' ဟူ​၍​အ​ခွင့် တောင်း​စေ​၏။-

23. သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။-

24. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန် သူ​များ​စွာ​တို့​ကို တိုက်​ပွဲ​၌​ကျ​ဆုံး​စေ​ပြီး​လျှင် အာ​နုန်​မြစ်​မှ​မြောက်​ဘက်​အမ္မုန်​ပြည်​နယ်​စပ် ယဗ္ဗုတ်​မြစ်​တိုင်​အောင် ရှိ​ဟုန်​ဘု​ရင်​၏​နယ်​မြေ များ​ကို​သိမ်း​ယူ​ကြ​လေ​သည်။ အမ္မုန်​ပြည် နယ်​စပ်​တိုင်​အောင်​သာ​ချီ​တက်​နိုင်​ခြင်း​မှာ ထို​နယ်​စပ်​ကို​ခိုင်​ခံ့​စွာ​ကာ​ကွယ်​ထား​ခြင်း ကြောင့်​ဖြစ်​သည်။-

25. ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဟေ​ရှ​ဘုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပါ​အ​ဝင် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​မြို့ အား​လုံး​ကို​သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ ထိုင်​ကြ​လေ​သည်။-

26. ဟေ​ရှ​ဘုန်​မြို့​သည်​ကား​ရှိ​ဟုန်​ဘု​ရင်​နန်း​စိုက် သော​မြို့​တော်​ဖြစ်​သည်။ ရှိ​ဟုန်​ဘု​ရင်​၏​ပိုင်​နက် မှာ​အာ​နုန်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​သော ယ​ခင် မော​ဘ​ပြည်​ဘု​ရင်​ပိုင်​နက်​ဖြစ်​သည်။ ထို​နယ်​မြေ ကို​ရှိ​ဟုန်​ဘု​ရင်​က​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​ခြင်း ဖြစ်​သည်။-

27. သို့​ဖြစ်​၍​က​ဗျာ​ဆ​ရာ​တို့​က၊``ရှိ​ဟုန်​ဘု​ရင်​၏​မြို့​တော်​ဟေ​ရှ​ဘုန်​မြို့​သို့ လာ​ကြ​လော့။ငါ​တို့​သည်​ထို​မြို့​ကို​အ​သစ်​တစ်​ဖန်​တည်​ကြ ကုန်​စို့။

28. တစ်​ခါ​က​ရှိ​ဟုန်​ဘု​ရင်​၏​တပ်​သည်​ဟေ​ရှ​ဘုန် မြို့​မှ ထွက်​သော​မီး​လျှံ​ကဲ့​သို့​ချီ​တက်​၍မော​ဘ​ပြည်​အာ​ရ​မြို့​ကို​ဖျက်​ဆီး​လျက် အာ​နုန်​မြစ် အ​ထက်​ပိုင်း​ရှိ​တောင်​များ​ကို​လောင်​ကျွမ်း​စေ​၏။

29. မော​ဘ​ပြည်​သား​တို့​သင်​တို့​သည်​အ​လွန် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​ပါ​ပြီ​တ​ကား။ခေ​မု​ရှ​ဘု​ရား​ကို​ကိုး​ကွယ်​သော​အ​သင်​တို့ ပျက်​စီး​ရ​ကြ​လေ​ပြီ။သင်​တို့​၏​ဘု​ရား​များ​သည်​သင်​တို့​၏​အ​မျိုး သား​များ​ကို စစ်​ပြေး​ဒုက္ခ​သည်​များ​ဖြစ်​စေ​၍၊အ​မျိုး​သ​မီး​များ​ကို​အာ​မော​ရိ​ဘု​ရင်​၏ သုံ့​ပန်း​များ​ဖြစ်​စေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 21