8. ``ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရှိသောတောင်ဝှေး ကိုယူလော့။ ထိုနောက်သင်နှင့်အာရုန်တို့သည် ဣသ ရေလအမျိုးသားအပေါင်းတို့အားစုဝေးစေရန် ဆင့်ဆိုလော့။ သူတို့ရှေ့တွင်ထိုအရပ်၌ရှိသော ကျောက်ဆောင်ကို ရေထွက်စေရန်အမိန့်ပေးလော့။ သူတို့နှင့်သူတို့၏တိရစ္ဆာန်များသောက်ရန် ကျောက်တုံးမှရေပန်းထွက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
9. မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း တောင်ဝှေးကိုယူခဲ့လေသည်။
10. သူသည်အာရုန်နှင့်အတူ လူအပေါင်းတို့ကို ကျောက်ဆောင်ရှေ့တွင်စုရုံးစေ၏။ ထိုနောက် မောရှေက``ပုန်ကန်သူတို့၊ နားထောင်လော့။ ဤ ကျောက်ဆောင်ထဲမှသင်တို့အဖို့ရေထွက် ရအောင် ငါတို့ပြုလုပ်ရမည်လော'' ဟုဆိုလျက်၊-
11. တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
12. သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။
13. မေရိဘအရပ်ကား ဣသရေလအမျိုးသား တို့ထာဝရဘုရားအားညည်းတွားသော၊ ထာဝရ ဘုရားကမိမိသည် ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုပြသောအရပ်ဖြစ်သတည်း။
14. မောရှေသည်ကာဒေရှအရပ်မှဧဒုံဘုရင်ထံ သို့ သံတမန်များကိုစေလွှတ်လိုက်၏။ သံတမန် တို့ကဧဒုံဘုရင်အား``ကိုယ်တော်၏ဆွေမျိုး သားချင်းဖြစ်သောဣသရေလအမျိုးသား တို့ထံမှ သတင်းပါးလိုက်ပါသည်။ အကျွန်ုပ် တို့ဆင်းရဲဒုက္ခမည်မျှခံခဲ့ရကြောင်း ကိုယ်တော်သိပါ၏။-