ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 20:19-29 Common Language Bible (BCL)

19. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``အ​ကျွန်ုပ်​တို့ သည်​လမ်း​မ​ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ တိ​ရစ္ဆာန်​များ​သည် ကိုယ်​တော်​၏​ပြည်​မှ​ရေ​ကို သောက်​သုံး​မိ​လျှင်​ရေ​ဖိုး​ကို​ပေး​ပါ​မည်။ ဖြတ်​သန်း​ခွင့်​ကို​သာ​ပေး​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​လေ​သည်။

20. ဧ​ဒုံ​အ​မျိုး​သား​တို့​က``ငါ​တို့​ဖြတ်​သန်း​ခွင့် မ​ပြု​နိုင်'' ဟု​ဆို​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​ရန် ဗိုလ်​ပါ​အ​လုံး​အ​ရင်း နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။-

21. ဧ​ဒုံ​အ​မျိုး​သား​တို့​က​မိ​မိ​တို့​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပြု​ကြ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍​အ​ခြား သော​လမ်း​ဖြင့်​ခရီး​ဆက်​ကြ​လေ​သည်။

22-23. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကာ​ဒေ​ရှ အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ရာ ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ ဟော​ရ​တောင်​သို့​ရောက်​ရှိ​ကြ​လေ​သည်။ ထို အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-

24. ``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-

25. အာ​ရုန်​နှင့်​သူ​၏​သား​ဧ​လာ​ဇာ​ကို​ဟော​ရ တောင်​ပေါ်​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင်၊-

26. အာ​ရုန်​၏​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချွတ်​၍ ဧ​လာ​ဇာ​အား​ဝတ်​ဆင်​ပေး​လော့။ အာ​ရုန်​သည် ထို​အ​ရပ်​တွင်​အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-

27. ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ရှေ့​တွင် သူ​တို့​သည်​ဟော​ရ တောင်​ပေါ်​သို့​တက်​သွား​ကြ​၏။-

28. တောင်​ပေါ်​တွင်​မော​ရှေ​သည်​အာ​ရုန်​၏​ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ကို​ချွတ်​၍ ဧ​လာ​ဇာ အား​ဝတ်​ဆင်​ပေး​လေ​သည်။ အာ​ရုန်​သည်​ထို တောင်​ပေါ်​တွင်​အ​နိစ္စ​ရောက်​လေ​၏။ မော​ရှေ နှင့်​ဧ​လာ​ဇာ​တို့​သည်​တောင်​အောက်​သို့ ဆင်း​လာ​ကြ​၏။-

29. ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ရုန်​အ​နိစ္စ​ရောက်​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​ဝမ်း​နည်း ပူ​ဆွေး​ကြ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 20