အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 2 Common Language Bible (BCL)

အ​နွယ်​လိုက်​စ​ခန်း​ချ​ပုံ

1. ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။-

2. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ လူ​တိုင်း​မိ​မိ​တပ်​နှင့်​ဆိုင်​သော​အ​လံ​နှင့် မိ​မိ​သား​ချင်း​စု​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်။

17. အ​ရှေ့​မှ​ချီ​တက်​သော​တပ်​နှစ်​တပ်​နှင့်​အ​နောက်​မှ ချီ​တက်​သော​တပ်​နှစ်​တပ်​တို့​၏​အ​ကြား​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​သယ်​ဆောင်​၍​ချီ​တက်​ရ​ကြ​မည်။ တပ်​တစ်​တပ်​စီ​သည်​စ​ခန်း​ချ​သည့်​အ​ခါ မိ​မိ​တို့​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​သည့်​အ​စီ​အ​စဉ်​အ​တိုင်း​ချီ​တက်​ရ​မည်။

32. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တပ်​အ​လိုက်​နှင့်​သား​ချင်း​စု​အ​လိုက်​လူ​ဦး​ရေ​စာ​ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​သိန်း​သုံး​ထောင့်​ငါး​ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-

33. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​ထား​ခြင်း​မ​ရှိ​ချေ။

34. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နှင့်​သက်​ဆိုင်​ရာ​အ​လံ​အ​နီး​တွင်​စ​ခန်း​ချကြ​၏။ ချီ​တက်​သည့်​အ​ခါ​သား​ချင်း​စု​အ​လိုက်​ချီ​တက်​ကြ​၏။