လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။