ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 19:1-8 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ မှ​တစ်​ဆင့်၊

2. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော် ပြ​ပါ​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် အ​နာ​ကင်း​၍​ထမ်း​ပိုး​မ​တင်​ရ​သေး​သော နွား​နီ​မ​တစ်​ကောင်​ကို၊-

3. ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ထံ​သို့​ယူ​ဆောင်​ခဲ့ ရ​သည်။ နွား​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​၏​ရှေ့​မှောက်​တွင်​သတ်​ရ​မည်။-

4. ဧ​လာ​ဇာ​သည်​သွေး​ကို​လက်​ချောင်း​ဖြင့်​တို့​၍ တဲ​တော်​ရှိ​ရာ​ဘက်​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-

5. နွား​၏​အ​ရေ၊ အ​သား၊ သွေး​နှင့်​အူ​မှ​စ​၍​တစ် ကောင်​လုံး​ကို ယဇ်​ပု​ရော​ဟိတ်​ရှေ့​တွင်​မီး​ရှို့ ရ​မည်။-

6. ထို​နောက်​သူ​သည်​အ​ကာ​ရှ​သစ်​သား၊ ဟု​ဿုပ် ညွန့်​နှင့်​ချည်​ကြိုး​အ​နီ​တို့​ကို​မီး​ပုံ​ထဲ​သို့ ပစ်​ချ​ရ​မည်။-

7. ထို့​နောက်​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍ ရေ​ချိုး​ပြီး​လျှင်​စ​ခန်း​တွင်း​သို့​ဝင် နိုင်​သည်။ သို့​ရာ​တွင်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သူ​သည်​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

8. နွား​မ​ကို​မီး​ရှို့​သော​သူ​သည်​လည်း မိ​မိ အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည်​လည်း​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 19