42. သူတို့သည်မောရှေနှင့်အာရုန်တို့ကိုအပြစ် တင်ရန်စုဝေးလာပြီးနောက်တဲတော်ဘက်သို့ မျှော်ကြည့်ရာ မိုးတိမ်သည်တဲတော်ကိုဖုံးလျက် ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း တောက်သည်ကိုမြင်ရလေသည်။-
43. ထိုအခါမောရှေနှင့်အာရုန်တို့သည်တဲတော် ရှေ့သို့ချဉ်းကပ်၍ရပ်နေကြ၏။-
44. ထာဝရဘုရားကမောရှေအား၊
45. ``ဤသူတို့ထံမှခွာ၍နေလော့။ ငါသည်သူတို့ ကိုချက်ချင်းဖျက်ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။ထိုအခါမောရှေနှင့်အာရုန်တို့သည်မြေပေါ် တွင်ပျပ်ဝပ်လျက်နေကြ၏။-
46. မောရှေကအာရုန်အား``သင်၏မီးကျီးခဲ များကိုယူ၍ထည့်ပြီးလျှင်နံ့သာပေါင်း ကိုမီးကျီးခဲပေါ်တွင်တင်လော့။ ထိုနောက် မီးကျီးခံအိုးကိုလူအပေါင်းတို့ထံသို့ အလျင်အမြန်ယူဆောင်သွားပြီးလျှင်သူ တို့အတွက်သန့်စင်ခြင်းဝတ်ကိုပြုလော့။ ထာဝရဘုရားသည်သူတို့ကိုအမျက် ထွက်သဖြင့်သူတို့တွင်ရောဂါဆိုက်ရောက် စေပြီ'' ဟုဆိုလေ၏။-
47. မောရှေစေခိုင်းသည်အတိုင်းအာရုန်သည် မီးကျီးခံအိုးကိုယူ၍လူအစုအဝေး ထဲသို့ပြေးဝင်လေသည်။ သူသည်လူတို့တွင် ရောဂါကပ်ဆိုက်ရောက်လျက်ရှိကြောင်းတွေ့ မြင်လျှင်မီးခဲများပေါ်၌နံ့သာပေါင်း ကိုတင်လျက်သူတို့အတွက်သန့်စင်ခြင်း ဝတ်ကိုပြုလေ၏။-
48. ထိုအခါရောဂါအန္တရာယ်ပပျောက်သွား သဖြင့် သူသည်သေသူနှင့်ရှင်သူတို့၏ အလယ်တွင်ရပ်လျက်ရှိ၏။-
49. ကောရပုန်ကန်မှုကြောင့်သေဆုံးသူများ အပြင်ရောဂါကပ်ကြောင့်သေဆုံးသူ အပေါင်းမှာတစ်သောင်းလေးထောင့်ခုနစ် ရာယောက်ဖြစ်သည်။-