ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 16:37-46 Common Language Bible (BCL)

37. ``ကြေး​ဝါ​မီး​ကျီး​ခံ​အိုး​များ​သည်​ဆက်​ကပ် ထား​သော​ပစ္စည်း​များ​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ​အား ထို​မီး ကျီး​ခံ​အိုး​များ​ကို​မီး​လောင်​သေ​ဆုံး​သူ​တို့ ထံ​မှ​သိမ်း​ယူ​ပြီး​လျှင်​မီး​ခဲ​များ​ကို​တစ် နေ​ရာ​တွင်​သွန်​ချ​စေ​လော့။-

38. ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တွင်​နံ့​သာ​ပေါင်း မီး​ရှို့​ဆက်​သ​ရာ မီး​ကျီး​ခံ​အိုး​များ​ကို အ​သုံး​ပြု​သော​ကြောင့် ယင်း​တို့​သည်​ဆက် ကပ်​ထား​သော​ပစ္စည်း​များ​ဖြစ်​၏။ သို့​ဖြစ်​၍ မိ​မိ​တို့​၏​အ​ပြစ်​ကြောင့်​သေ​ဆုံး​ရ​သူ တို့​ထံ​မှ မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​ပြီး လျှင်​အ​ပြား​ခတ်​၍​ယဇ်​ပလ္လင်​ကို​ဖုံး​အုပ် လော့။ ထို​ကြေး​ဝါ​ပြား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သ​တိ​တ​ရား ရ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

39. ထို​ကြောင့်​ယဇ်​ပု​ရောဟိတ်​ဧ​လာ​ဇာ​သည် မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​၍ ယဇ်​ပလ္လင် ကို​ဖုံး​ရန်​အ​ပြား​ခတ်​လေ​သည်။-

40. အာ​ရုန်​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​မည် သူ​တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား အား​နံ့​သာ​ပေါင်း​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် သို့​မ​ချဉ်း​ကပ်​ရ​ဟု​ကြေး​ဝါ​အ​ဖုံး​က ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သ​တိ​ပေး ၏။ ဤ​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည်​ကော​ရ နှင့်​သူ​၏​နောက်​လိုက်​များ​နည်း​တူ ပျက်​စီး ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ တို့​ကို ဧ​လာ​ဇာ​ဆောင်​ရွက်​လေ​သည်။

41. နောက်​တစ်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဝင် အ​ချို့​ကို​သတ်​ပစ်​ကြ​ပြီ'' ဟု​အ​ပြစ်​တင်​ကြ လေ​သည်။-

42. သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​အ​ပြစ် တင်​ရန်​စု​ဝေး​လာ​ပြီး​နောက်​တဲ​တော်​ဘက်​သို့ မျှော်​ကြည့်​ရာ မိုး​တိမ်​သည်​တဲ​တော်​ကို​ဖုံး​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း တောက်​သည်​ကို​မြင်​ရ​လေ​သည်။-

43. ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​တဲတော် ရှေ့​သို့​ချဉ်း​ကပ်​၍​ရပ်​နေ​ကြ​၏။-

44. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊

45. ``ဤ​သူ​တို့​ထံ​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့ ကို​ချက်​ချင်း​ဖျက်​ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ​ပေါ် တွင်​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

46. မော​ရှေ​က​အာ​ရုန်​အား``သင်​၏​မီး​ကျီး​ခဲ များ​ကို​ယူ​၍​ထည့်​ပြီး​လျှင်​နံ့​သာ​ပေါင်း ကို​မီး​ကျီး​ခဲ​ပေါ်​တွင်​တင်​လော့။ ထို​နောက် မီး​ကျီး​ခံ​အိုး​ကို​လူ​အ​ပေါင်း​တို့​ထံ​သို့ အ​လျင်​အ​မြန်​ယူ​ဆောင်​သွား​ပြီး​လျှင်​သူ တို့​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ကို​အ​မျက် ထွက်​သ​ဖြင့်​သူ​တို့​တွင်​ရော​ဂါ​ဆိုက်​ရောက် စေ​ပြီ'' ဟု​ဆို​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 16