ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 16:27-43 Common Language Bible (BCL)

27. သို့​ဖြစ်​၍​သူ​တို့​သည်​ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​၏​တဲ​များ​မှ​ဝေး​ရာ​သို့ ခွာ​သွား​ကြ​လေ​သည်။ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​သည်​သား​မ​ယား များ​နှင့်​အ​တူ​ထွက်​၍ မိ​မိ​တို့​တဲ​ဝ​၌​ရပ် နေ​ကြ​သည်။-

28. မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​၍​ဤ အ​မှု​အ​လုံး​စုံ​တို့​ကို​ငါ​ပြု​လုပ်​ကြောင်း၊ ငါ့​အ​လို​အ​တိုင်း​ပြု​လုပ်​ခြင်း​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သိ​နိုင်​မည့်​နည်း​မှာ​ဤ သို့​တည်း။-

29. ဤ​သူ​တို့​သည်​ဘု​ရား​သ​ခင်​ဒဏ်​ခတ်​သည် မ​ဟုတ်​ဘဲ​ဋ္ဌမ္မ​တာ​အ​လျောက် သေ​ဆုံး​သည်​ရှိ သော်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​စေ​လွှတ် ခြင်း​မဟုတ်​ဟု​သိ​မှတ်​ကြ​လော့။-

30. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘုရား​သည်​ယ​ခင်​က မ​ကြား​စ​ဖူး​သော​အ​မှု​ကို​ပြု​တော်​မူ​ခြင်း အား​ဖြင့် သူ​တို့​နှင့်​တ​ကွ​သူ​တို့​ပိုင်​ဆိုင်​သ​မျှ ပစ္စည်း​များ​ကို​မြေ​မျို​လိုက်​သော​ကြောင့် သူ​တို့ သည်​အ​ရှင်​လတ်​လတ်​သေ​ဆုံး​ကြ​သော် သူ တို့​ကို​ထာ​ဝ​ရ​ဘု​ရား​ပစ်​ပယ်​သည်​ဟု​သိ မှတ်​ကြ​လော့'' ဟု​လူ​အ​ပေါင်း​တို့​အား​ပြော လေ​သည်။

31. မော​ရှေ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက် ဒါ​သန်​နှင့်​အ​ဘိ​ရံ​အောက်​တွင်​ရှိ​သော မြေ​သည်​ကွဲ​အက်​၍၊-

32. သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​သား​မ​ယား​များ၊ ကော​ရ​၏​နောက်​လိုက်​များ​နှင့်​သူ​တို့​ပိုင်​ဆိုင် သ​မျှ​ပစ္စည်း​များ​ကို​မြေ​မျို​လေ​၏။-

33. ထို​သို့​အား​ဖြင့်​သူ​တို့​ပိုင်​ဆိုင်​သ​မျှ​ပစ္စည်း တို့​နှင့်​အ​တူ သူ​တို့​သည်​သေ​မင်း​နိုင်​ငံ​သို့ အ​ရှင်​လတ်​လတ်​သက်​ဆင်း​ရ​ကြ​လေ​သည်။ သူ​တို့​သည်​မြေ​မျို​သ​ဖြင့်​ပျောက်​ကွယ် သွား​ကြ​လေ​၏။-

34. ထို​အ​ရပ်​တွင်​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​လည်း သူ​တို့​၏​အော် ဟစ်​သံ​ကို​ကြား​ရ​သော​အ​ခါ``ပြေး​ကြ၊ ငါ​တို့​လည်း​မြေ​မျို​ခံ​ရ​လိမ့်​မည်'' ဟု အော်​ဟစ်​ကြ​၏။

35. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​လောင်​မီး​ကျ စေ​၍ နံ့​သာ​ပေါင်း​ဆက်​သ​သော​သူ​နှစ်​ရာ့ ငါး​ဆယ်​ကို​မီး​လောင်​ကျွမ်း​စေ​၏။

36. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

37. ``ကြေး​ဝါ​မီး​ကျီး​ခံ​အိုး​များ​သည်​ဆက်​ကပ် ထား​သော​ပစ္စည်း​များ​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ​အား ထို​မီး ကျီး​ခံ​အိုး​များ​ကို​မီး​လောင်​သေ​ဆုံး​သူ​တို့ ထံ​မှ​သိမ်း​ယူ​ပြီး​လျှင်​မီး​ခဲ​များ​ကို​တစ် နေ​ရာ​တွင်​သွန်​ချ​စေ​လော့။-

38. ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တွင်​နံ့​သာ​ပေါင်း မီး​ရှို့​ဆက်​သ​ရာ မီး​ကျီး​ခံ​အိုး​များ​ကို အ​သုံး​ပြု​သော​ကြောင့် ယင်း​တို့​သည်​ဆက် ကပ်​ထား​သော​ပစ္စည်း​များ​ဖြစ်​၏။ သို့​ဖြစ်​၍ မိ​မိ​တို့​၏​အ​ပြစ်​ကြောင့်​သေ​ဆုံး​ရ​သူ တို့​ထံ​မှ မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​ပြီး လျှင်​အ​ပြား​ခတ်​၍​ယဇ်​ပလ္လင်​ကို​ဖုံး​အုပ် လော့။ ထို​ကြေး​ဝါ​ပြား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သ​တိ​တ​ရား ရ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

39. ထို​ကြောင့်​ယဇ်​ပု​ရောဟိတ်​ဧ​လာ​ဇာ​သည် မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​၍ ယဇ်​ပလ္လင် ကို​ဖုံး​ရန်​အ​ပြား​ခတ်​လေ​သည်။-

40. အာ​ရုန်​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​မည် သူ​တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား အား​နံ့​သာ​ပေါင်း​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် သို့​မ​ချဉ်း​ကပ်​ရ​ဟု​ကြေး​ဝါ​အ​ဖုံး​က ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သ​တိ​ပေး ၏။ ဤ​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည်​ကော​ရ နှင့်​သူ​၏​နောက်​လိုက်​များ​နည်း​တူ ပျက်​စီး ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ တို့​ကို ဧ​လာ​ဇာ​ဆောင်​ရွက်​လေ​သည်။

41. နောက်​တစ်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဝင် အ​ချို့​ကို​သတ်​ပစ်​ကြ​ပြီ'' ဟု​အ​ပြစ်​တင်​ကြ လေ​သည်။-

42. သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​အ​ပြစ် တင်​ရန်​စု​ဝေး​လာ​ပြီး​နောက်​တဲ​တော်​ဘက်​သို့ မျှော်​ကြည့်​ရာ မိုး​တိမ်​သည်​တဲ​တော်​ကို​ဖုံး​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း တောက်​သည်​ကို​မြင်​ရ​လေ​သည်။-

43. ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​တဲတော် ရှေ့​သို့​ချဉ်း​ကပ်​၍​ရပ်​နေ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 16