22. သို့ရာတွင်မောရှေနှင့်အာရုန်တို့သည်မြေ ပေါ်တွင်ပျပ်ဝပ်၍`အို ဘုရားသခင်၊ ကိုယ် တော်သည်လူသတ္တဝါအပေါင်းတို့၏အသက် သခင်ဖြစ်တော်မူပါ၏။ လူတစ်ဦးတစ် ယောက်၏အပြစ်ကြောင့်တစ်မျိုးသားလုံး ကိုအမျက်ထွက်တော်မူမည်လော'' ဟု လျှောက်ထားလေသည်။
23. ထာဝရဘုရားကမောရှေအား၊-
24. ``လူအပေါင်းတို့ကိုကောရ၊ ဒါသန်နှင့် အဘိရံတို့၏တဲများနှင့်ဝေးဝေးခွာ၍ နေကြရန်ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
25. ထိုအခါမောရှေသည် ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူဒါသန်နှင့် အဘိရံတို့ထံသို့သွားလေသည်။-