1-2. လေဝိအနွယ်ဝင်၊ ကောဟတ်၏သားချင်းစုမှ ဣဇဟာ၏သားကောရသည်မောရှေကိုပုန် ကန်လေ၏။ သူနှင့်ကြံရာပါများမှာရုဗင် အနွယ်ဝင်သုံးဦးတို့ဖြစ်ကြသည်။ ထိုသူ တို့မှာဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံ၊ ပေလက်၏သားသြန တို့ဖြစ်ကြသည်။ သူတို့ဘက်တွင်ဣသရေလ အမျိုးသားခေါင်းဆောင်နှစ်ရာ့ငါးဆယ် လည်းပါဝင်သည်။-
3. ထိုသူအပေါင်းတို့သည်မောရှေနှင့်အာရုန် တို့ရှေ့တွင်စုရုံးရောက်ရှိလာ၍``သင်တို့၏ အပြုအမူမှာလွန်ကဲလေပြီ။ ဣသရေလ အမျိုးသားအပေါင်းကိုထာဝရဘုရား ရွေးကောက်တော်မူ၍ ထာဝရဘုရားသည် တစ်မျိုးသားလုံးနှင့်အတူရှိတော်မူ၏။ သို့ ဖြစ်၍မောရှေသည်အဘယ်ကြောင့်ထာဝရ ဘုရား၏ပရိသတ်အပေါ်မှာမိမိကိုယ် ကိုချီးမြှောက်ရပါသနည်း'' ဟုဆိုကြ၏။
4. မောရှေသည်သူတို့ပြောဆိုသောစကား ကိုကြားလျှင် မြေပေါ်တွင်ပျပ်ဝပ်၍ဆု တောင်းလေ၏။-
5. ထိုနောက်သူသည်ကောရနှင့်အပေါင်းပါတို့ အား``နက်ဖြန်နေ့နံနက်တွင်ထာဝရဘုရား သည်မည်သူ့ကိုရွေးကောက်ကြောင်းပြတော် မူမည်။ ထာဝရဘုရားသည်မိမိရွေးကောက် သောသူအားကိုယ်တော်၏ယဇ်ပလ္လင်အနီး သို့ချဉ်းကပ်စေတော်မူမည်။-
6-7. နက်ဖြန်နေ့နံနက်တွင်သင်နှင့်သင်၏နောက် လိုက်တို့သည်မီးကျီးခံအိုးများတွင်မီးခဲ နှင့်နံ့သာပေါင်းကိုထည့်၍ယဇ်ပလ္လင်သို့ယူ ဆောင်သွားလော့။ ထိုအခါမည်သူ့အား ထာဝရဘုရားရွေးကောက်တော်မူကြောင်း ကိုသိရကြလိမ့်မည်။ လေဝိအနွယ်ဝင် ဖြစ်သောသင်တို့သာလျှင်လွန်ကဲသော အမှုကိုပြုသူများဖြစ်သည်'' ဟုဆို လေ၏။
8. တစ်ဖန်မောရှေသည်ကောရအား``လေဝိ အနွယ်ဝင်တို့၊ နားထောင်လော့။-
9. ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် သင်တို့ကိုထာဝရဘုရားထံ တော်သို့ချဉ်းကပ်ရန် ထာဝရဘုရား၏ တဲတော်တွင်အမှုထမ်းရန်နှင့် တစ်မျိုး သားလုံး၏အမှုကိုဆောင်ရွက်ရန်သီး သန့်ရွေးချယ်တော်မူ၏။ ဤအခွင့်အရေး သည်သေးသိမ်သောအခွင့်အရေးမဟုတ်။-
10. ထာဝရဘုရားသည်သင်နှင့်တကွအခြား သောလေဝိအနွယ်ဝင်တို့အား ဤအခွင့် အရေးကိုပေးထားပါလျက်နှင့်ယခုသင် တို့သည် ယဇ်ပုရောဟိတ်အရာကိုတောင်းဆို လာကြပါသည်တကား။-
11. သင်နှင့်သင်၏နောက်လိုက်အပေါင်းတို့က အာရုန်ကိုအပြစ်တင်ကြခြင်းသည်စင်စစ် အားဖြင့် ထာဝရဘုရားကိုပုန်ကန်ခြင်း ပင်ဖြစ်သည်'' ဟုပြောလေ၏။
12. ထိုနောက်မောရှေသည်ဒါသန်နှင့်အဘိရံ တို့ကိုဆင့်ခေါ်သော်လည်း သူတို့သည်မ လာကြ။-