ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 16:13-18 Common Language Bible (BCL)

13. သူ​တို့​က``သင်​သည်​ငါ​တို့​ကို​တော​ကန္တာ​ရ​၌ သေ​ကုန်​စေ​ခြင်း​ငှာ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ သော​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပြီ​မ​ဟုတ် လော။ ယ​ခု​သင်​သည်​ငါ​တို့​အ​ပေါ်​တွင်​မင်း မူ​လို​ပါ​သ​လော။-

14. သင်​သည်​ငါ​တို့​ကို​အ​စာ​ရေ​စာ​ပေါ​ကြွယ် ဝ​သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သေး​သည်​သာ မ​က ငါ​တို့​ပိုင်​ဆိုင်​ရန်​လယ်​ယာ​မြေ​နှင့်​စ​ပျစ် ဥ​ယျာဉ်​များ​ကို​လည်း​မ​ပေး​နိုင်။ သင်​သည် ငါ​တို့​အား​လှည့်​စား​ဦး​မည်​ကြံ​သ​လော။ ငါ​တို့​သင့်​ထံ​သို့​မ​လာ'' ဟု​ဆို​ကြ​၏။

15. ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​ကို​အ​လွန် အ​မျက်​ထွက်​၍ ထာ​ဝ​ရ​ဘု​ရား​အား``ဤ​သူ တို့​ဆက်​သ​သော​ပူ​ဇော်​သကာ​ကို​လက်​ခံ တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​သူ​တို့​တစ် ဦး​တစ်​ယောက်​ကို​မျှ​မ​တော်​မ​တ​ရား​မ​ပြု လုပ်​ခဲ့​ပါ။ သူ​တို့​ထံ​မှ​မြည်း​တစ်​ကောင်​မျှ မ​သိမ်း​မ​ယူ​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။

16. မော​ရှေ​က​ကော​ရ​အား``နက်​ဖြန်​နေ့​တွင် သင်​နှင့်​တ​ကွ သင်​၏​နောက်​လိုက်​သူ​နှစ်​ရာ့ ငါး​ဆယ်​တို့​သည်​တဲ​တော်​သို့​လာ​ရ​ကြ မည်။ အာ​ရုန်​သည်​လည်း​တဲ​တော်​တွင်​ရှိ လိမ့်​မည်။-

17. သင်​တို့​အ​သီး​သီး​သည်​ယဇ်​ပလ္လင်​၌​ဆက် သ​ရန် မိ​မိ​၏​မီး​ကျီး​ခံ​အိုး​တွင်​နံ့​သာ ပေါင်း​ထည့်​၍​ယူ​ခဲ့​ရ​မည်'' ဟု​ဆို​၏။-

18. ထို​ကြောင့်​လူ​တိုင်း​ပင်​မိ​မိ​၏​မီး​ကျီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ထည့်​၍​မော​ရှေ၊ အာ​ရုန်​တို့ နှင့်​အ​တူ​တဲ​တော်​တံ​ခါး​ဝ​၌​ရပ်​နေ ကြ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 16