ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 15:26-36 Common Language Bible (BCL)

26. လူ​ထု​တစ်​ရပ်​လုံး​တွင်​ပါ​ဝင်​သူ​တိုင်း​သည် အ​မှတ်​မ​ထင်​မှား​ယွင်း​မိ​သည်​ဖြစ်​ရာ ဣ​သ ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​၏​အ​ပြစ် လွတ်​လိမ့်​မည်။

27. အ​ကယ်​၍​တစ်​ဦး​တစ်​ယောက်​သည်​အ​မှတ် မ​ထင်​ပြစ်​မှား​မိ​လျှင် ထို​သူ​သည်​တစ်​နှစ် သား​ဆိတ်​မ​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။-

28. ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ် မှ​လွတ်​လိမ့်​မည်။-

29. ဤ​ပ​ညတ်​သည်​အ​မှတ်​မ​ထင်​အ​ပြစ်​ပြု မိ​သော တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​တွက်​ဖြစ်​စေ၊ အ​တူ​တ​ကွ​နေ​ထိုင် သော​လူ​မျိုး​ခြား​အ​တွက်​ဖြစ်​စေ အ​ပြစ် ဖြေ​ရန်​လိုက်​နာ​ရ​မည့်​ပညတ်​ဖြစ်​သည်။

30. တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​တ​မင်​သက်​သက်​အ​ပြစ် ပြု​မိ​လျှင်​မူ​ကား ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ်​သော​ကြောင့် သူ့​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

31. အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​ပစ်​ပယ်​၍ ပ​ညတ်​တော် ကို​တ​မင်​သက်​သက်​ချိုး​ဖောက်​သော​ကြောင့် ဖြစ်​သည်။ သူ​သည်​အ​ပြစ်​အ​လျောက်​သေ ဒဏ်​ခံ​ရ​မည်။

32. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တော​ကန္တာ​ရ ၌​ရှိ​သော​အ​ခါ တစ်​နေ့​သော​ဥ​ပုသ်​နေ့​၌​လူ တစ်​ယောက်​ထင်း​ခွေ​လျက်​နေ​သည်​ကို​တွေ့​ရှိ ကြ​သည်။-

33. ထို​သူ​အား​မော​ရှေ၊ အာ​ရုန်​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ထံ​သို့​ခေါ် ဆောင်​ခဲ့​ကြ​သည်။-

34. သူ့​အား​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​ကို​မ​သိ သ​ဖြင့်​ချုပ်​နှောင်​ထား​ကြ​သည်။-

35. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ထို​သူ အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​စ​ခန်း​အ​ပြင်​၌​သူ့ ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။-

36. သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ် ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ကြ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 15