2. မောရှေမှတစ်ဆင့်အောက်ပါအတိုင်း ပြဋ္ဌာန်းပေးတော်မူ၏။-
3. ``သင်တို့သည်ထာဝရဘုရားအားမီးရှို့ ရာယဇ်ဖြစ်စေ၊ သစ္စာဝတ်ဖြေရာယဇ်ဖြစ် စေ၊ စေတနာအလျောက်ပူဇော်သောသကာ ကိုဖြစ်စေကျင်းပမြဲဘာသာရေးပွဲတော် များ၌ ပူဇော်သောပူဇော်သကာကိုဖြစ် စေပူဇော်သည့်အခါ သိုး၊ နွား၊ ဆိတ်တို့ကို ပူဇော်နိုင်သည်။ ဤသကာတို့၏ရနံ့ကို ထာဝရဘုရားနှစ်သက်တော်မူ၏။-
4-5. ထာဝရဘုရားအားသိုးသို့မဟုတ်ဆိတ်ကို မီးရှို့ရာယဇ်အဖြစ်ပူဇော်သောသူသည် ယဇ် ကောင်နှင့်အတူဘောဇဉ်သကာအဖြစ် သံလွင် ဆီနှစ်ပိုင့်နှင့်ရောထားသောမုန့်ညက်နှစ်ပေါင် အပြင် စပျစ်ရည်နှစ်ပိုင့်ကိုလည်းယူဆောင် ခဲ့ရမည်။-
6. သိုးထီးကိုပူဇော်သည့်အခါဘောဇဉ် သကာအဖြစ် သံလွင်ဆီသုံးပိုင့်နှင့်ရော ထားသောမုန့်ညက်လေးပေါင်အပြင်၊-
7. စပျစ်ရည်သုံးပိုင့်ကိုလည်းဆက်သရမည်။ ဤသကာတို့၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
8. ထာဝရဘုရားအားနွားထီးကိုမီးရှို့ ရာယဇ်သို့မဟုတ်သစ္စာဝတ်ဖြေရာယဇ် သို့မဟုတ်မိတ်သဟာယယဇ်အဖြစ်ပူ ဇော်သောအခါ၊-
9. သံလွင်ဆီလေးပိုင့်နှင့်ရောထားသောမုန့် ညက်ခြောက်ပေါင်အပြင်၊-
10. စပျစ်ရည်လေးပိုင့်ကိုဆက်သရမည်။ ဤ သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
11. ဤသကာများသည် သိုး၊ နွား၊ ဆိတ်တို့နှင့်ပူဇော် ရမည့်သကာများဖြစ်သည်။-
12. ယဇ်ကောင်တစ်ကောင်ထက်ပို၍ပူဇော်သည့် အခါ တွဲဖက်ပူဇော်ရမည့်သကာများကို လည်းအချိုးကျတိုးမြှင့်ပူဇော်ရမည်။-
13. တိုင်းရင်းဖွားဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားနှစ်သက်တော်မူသော ရနံ့အဖြစ် သကာကိုဆက်သရာ၌ထိုနည်း အတိုင်းလိုက်နာရမည်။-
14. အမြဲဖြစ်စေ၊ ယာယီဖြစ်စေသင်တို့နှင့် အတူနေထိုင်သောလူမျိုးခြားတစ်ဦးသည် ထာဝရဘုရားနှစ်သက်တော်မူသောရနံ့ အဖြစ်သကာကိုဆက်သသည့်အခါ ဖော်ပြ ပါပြဋ္ဌာန်းချက်များအတိုင်းဆက်သ ရမည်။-