12. ယဇ်ကောင်တစ်ကောင်ထက်ပို၍ပူဇော်သည့် အခါ တွဲဖက်ပူဇော်ရမည့်သကာများကို လည်းအချိုးကျတိုးမြှင့်ပူဇော်ရမည်။-
13. တိုင်းရင်းဖွားဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားနှစ်သက်တော်မူသော ရနံ့အဖြစ် သကာကိုဆက်သရာ၌ထိုနည်း အတိုင်းလိုက်နာရမည်။-
14. အမြဲဖြစ်စေ၊ ယာယီဖြစ်စေသင်တို့နှင့် အတူနေထိုင်သောလူမျိုးခြားတစ်ဦးသည် ထာဝရဘုရားနှစ်သက်တော်မူသောရနံ့ အဖြစ်သကာကိုဆက်သသည့်အခါ ဖော်ပြ ပါပြဋ္ဌာန်းချက်များအတိုင်းဆက်သ ရမည်။-
15. သင်တို့တွင်တည်းခိုနေထိုင်သောလူမျိုးခြား တို့သည် ဤပြဋ္ဌာန်းချက်များကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သင်တို့နှင့်လူ မျိုးခြားတို့သည် ထာဝရဘုရား၏ရှေ့ တော်တွင်ညီတူညီမျှဖြစ်ကြသဖြင့်၊-
16. သင်တို့နှင့်သူတို့အတွက်ပြဋ္ဌာန်းချက်များ သည်လည်း တပြေးညီဖြစ်စေရမည်။
17-18. ထာဝရဘုရားသည်ပေးတော်မူမည့်ပြည် တွင် ဣသရေလအမျိုးသားတို့လိုက်နာ ရန်ပညတ်များကို မောရှေမှတစ်ဆင့် အောက်ပါအတိုင်းပြဋ္ဌာန်းပေးတော်မူ၏။-
19. ထိုပြည်မှထွက်သောသီးနှံကိုစားသုံးကြ သောအခါ အချို့ကိုထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်သီးသန့်ထားရမည်။-
20. ကောက်သစ်မှရသောမုန့်ညက်ဖြင့်လုပ်သည့် အဦးဆုံးမုန့်ကို ထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်ဆက်သရမည်။ ကောက်နယ်တလင်းမှရသောစပါးကို အထူးလှူဖွယ်အဖြစ်ဆက်သသည့်နည်း တူဤမုန့်ကိုဆက်သရမည်။-
21. သင်တို့ဖုတ်သောမုန့်မှဤအထူးလှူဖွယ် ကိုထာဝရဘုရားအား သင်တို့အမျိုး အစဉ်အဆက်ပူဇော်ဆက်သရမည်။
22. အကယ်၍တစ်စုံတစ်ယောက်သည်ဤပညတ် အချို့ကို အမှတ်မထင်ဖောက်ဖျက်မိလျှင် သော်လည်းကောင်း၊-
23. နောင်အခါတွင်တစ်မျိုးသားလုံးသည် မောရှေမှတစ်ဆင့် ထာဝရဘုရားပြဋ္ဌာန်း သောပညတ်ရှိသမျှအတိုင်းမကျင့် လျှင်သော်လည်းကောင်း၊-
24. မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-
25. ယဇ်ပုရောဟိတ်သည်ဣသရေလအမျိုး သားအပေါင်းအတွက် သန့်စင်ခြင်းဝတ် ကိုပြုရမည်။ ထိုအခါသူတို့သည်အပြစ် လွတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်အမှတ်မထင်မှားယွင်းမိ၍ ပူဇော် သကာအဖြစ်အပြစ်ဖြေရာယဇ်ကို ထာဝရဘုရားထံတော်သို့ယူဆောင် ခဲ့သောကြောင့်ဖြစ်သည်။-
26. လူထုတစ်ရပ်လုံးတွင်ပါဝင်သူတိုင်းသည် အမှတ်မထင်မှားယွင်းမိသည်ဖြစ်ရာ ဣသ ရေလအမျိုးသားများနှင့်သူတို့နှင့်အတူ နေထိုင်သောလူမျိုးခြားများ၏အပြစ် လွတ်လိမ့်မည်။
27. အကယ်၍တစ်ဦးတစ်ယောက်သည်အမှတ် မထင်ပြစ်မှားမိလျှင် ထိုသူသည်တစ်နှစ် သားဆိတ်မတစ်ကောင်ကိုအပြစ်ဖြေရာ ယဇ်အဖြစ်ပူဇော်ရမည်။-
28. ယဇ်ပုရောဟိတ်သည်ထိုသူအတွက်အပြစ် ဖြေရာယဇ်ကိုပူဇော်သောအားဖြင့် အပြစ် မှလွတ်လိမ့်မည်။-
29. ဤပညတ်သည်အမှတ်မထင်အပြစ်ပြု မိသော တိုင်းရင်းဖွားဣသရေလအမျိုး သားအတွက်ဖြစ်စေ၊ အတူတကွနေထိုင် သောလူမျိုးခြားအတွက်ဖြစ်စေ အပြစ် ဖြေရန်လိုက်နာရမည့်ပညတ်ဖြစ်သည်။