1. ထာဝရဘုရားသည်ပေးတော်မူမည့်ပြည် တွင် ဣသရေလအမျိုးသားတို့လိုက်နာရန် ပညတ်များကို၊-
2. မောရှေမှတစ်ဆင့်အောက်ပါအတိုင်း ပြဋ္ဌာန်းပေးတော်မူ၏။-
3. ``သင်တို့သည်ထာဝရဘုရားအားမီးရှို့ ရာယဇ်ဖြစ်စေ၊ သစ္စာဝတ်ဖြေရာယဇ်ဖြစ် စေ၊ စေတနာအလျောက်ပူဇော်သောသကာ ကိုဖြစ်စေကျင်းပမြဲဘာသာရေးပွဲတော် များ၌ ပူဇော်သောပူဇော်သကာကိုဖြစ် စေပူဇော်သည့်အခါ သိုး၊ နွား၊ ဆိတ်တို့ကို ပူဇော်နိုင်သည်။ ဤသကာတို့၏ရနံ့ကို ထာဝရဘုရားနှစ်သက်တော်မူ၏။-