ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 14:6-15 Common Language Bible (BCL)

6. ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သူ​များ အ​နက် နှစ်​ဦး​ဖြစ်​ကြ​သော​နုန်​၏​သား​ယော​ရှု နှင့်​ယေ​ဖုန္နာ​၏​သား​ကာ​လက်​တို့​သည် ဝမ်း​နည်း သည့်​အ​နေ​ဖြင့်​မိ​မိ​တို့​၏​အ​ဝတ်​အင်္ကျီ​များ ကို​ဆုတ်​ဖြဲ​လျက်၊-

7. ``ငါ​တို့​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သော​ပြည် သည်​အ​လွန်​နေ​ထိုင်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​သည်။-

8. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စိတ်​တော်​နှင့် တွေ့​လျှင်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ​သြ ဇာ​ထက်​သန်​သော​ထို​ပြည်​သို့​ပို့​ဆောင်​လျက် အ​ပိုင်​စား​ပေး​တော်​မူ​မည်။-

9. ထာ​ဝ​ရ​ဘု​ရား​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ခါ​နာန်​ပြည်​သား​တို့​ကို​လည်း​မ​ကြောက်​ရွံ့ ကြ​ပါ​နှင့်။ ငါ​တို့​သည်​သူ​တို့​ကို​လွယ်​ကူ စွာ​တိုက်​ခိုက်​အောင်​မြင်​နိုင်​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ သူ​တို့​ကို​ကွယ်​ကာ​စောင့်​ရှောက်​သော​ဘု​ရား များ​ကို​လည်း နှိမ်​နင်း​အောင်​မြင်​တော်​မူ​ပြီး ဖြစ်​၍​မ​ကြောက်​ရွံ့​ကြ​ပါ​နှင့်'' ဟု​လူ​တို့ အား​ပြော​ကြ​၏။-

10. လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား​ကို​ကြား လျှင် သူ​တို့​နှစ်​ဦး​ကို​ကျောက်​ခဲ​ဖြင့်​ပစ်​သတ် ရန်​ကြိုး​စား​အား​ထုတ်​ကြ​လေ​သည်။ သို့​ရာ တွင်​ထို​ခ​ဏ​ချင်း​၌​ထာ​ဝ​ရ​ဘု​ရား​၏ ဘုန်း​ရောင်​ခြည်​တော်​သည် တဲ​တော်​ပေါ်​တွင် ထွန်း​တောက်​နေ​သည်​ကို​သူ​တို့​မြင်​ကြ​၏။

11. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ​လူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​ပစ်​ပယ် ကြ​မည်​နည်း။ ငါ​သည်​သူ​တို့​တွင်​အံ့​သြ​ဖွယ် အ​မှု​များ​စွာ​တို့​ကို​ပြ​ခဲ့​သော်​လည်း သူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​မ​ယုံ ကြည်​မ​ကိုး​စား​ဘဲ​နေ​ကြ​မည်​နည်း။-

12. ငါ​သည်​သူ​တို့​ကို​ကပ်​ရော​ဂါ​ဖြင့်​ဖျက်​ဆီး ပစ်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင့်​အား​သူ​တို့ ထက်​သာ​၍​များ​ပြား​၍ တန်​ခိုး​ကြီး​သော​လူ မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

13. ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား အား``ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို​တန်​ခိုး တော်​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​ပါ​သည်။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ကိုယ်​တော်​ဘေး ဒဏ်​သင့်​စေ​ကြောင်း​ကြား​ရ​သော​အ​ခါ၊-

14. သူ​တို့​က​ဤ​ပြည်​ရှိ​ပြည်​သား​တို့​အား​သ​တင်း ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​မိုး​တိမ်​သည်​အ​ကျွန်ုပ် တို့​၏​အ​ထက်​တွင်​ထင်​ရှား​စွာ​တည်​နေ​ကြောင်း ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​နေ့​အ​ချိန်​တွင် မိုး​တိမ်​တိုင်၊ ည​အ​ချိန်​တွင်​မီး​တိမ်​တိုင်​အား ဖြင့်​အ​ကျွန်ုပ်​တို့​ရှေ့​မှ​ကြွ​သွား​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဤ​ပြည်​ရှိ​ပြည်​သား​များ​သိ ရ​ပြီး​ဖြစ်​ပါ​သည်။-

15. ယ​ခု​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​သုတ်​သင် ပယ်​ရှင်း​တော်​မူ​လျှင် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း ကို​ကြား​ခဲ့​ဖူး​သော​လူ​မျိုး​များ​က၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 14