24-25. သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။
26. ထာဝရဘုရားကမောရှေနှင့်အာရုန်တို့အား၊-
27. ``ဤဆိုးယုတ်သောသူတို့သည်မည်မျှကာလ ပတ်လုံးညည်းညူလျက်ရှိကြမည်နည်း။ ဣသ ရေလအမျိုးသားတို့၏ညည်းညူသံကိုငါ ကြားရဖန်များလှပြီ။-
28. ယခုသူတို့အားဤသို့ပြန်ပြောလော့။ `ငါ ထာဝရဘုရားသည်ငါ့ကိုယ်ကိုတိုင်တည်၍ သင်တို့တောင်းဆိုသည့်အတိုင်းငါပြုမည်။-
29. သင်တို့သည်တောကန္တာရ၌ပင်သေဆုံး ကြလိမ့်မည်။ ဤတောသည်သင်တို့၏သင်္ချိုင်း ဖြစ်လိမ့်မည်။ သင်တို့သည်ငါ့ကိုအပြစ်တင် ညည်းညူကြသောကြောင့် အသက်နှစ်ဆယ် ကျော်သူတစ်ယောက်မျှထိုပြည်သို့ မဝင်ရ။-
30. သင်တို့ကိုနေထိုင်စေမည်ဟုကတိထား သောပြည်သို့ ကာလက်နှင့်ယောရှုမှတစ်ပါး မည်သူမျှမဝင်ရ။-
31. သင်တို့၏သားသမီးများကိုရန်သူဖမ်းသွား လိမ့်မည်ဟုသင်တို့ဆိုကြ၏။ သို့ရာတွင်ငါ သည်သင်တို့မသွားလိုသောပြည်သို့သင်တို့ ၏ကလေးများကိုပို့ဆောင်သဖြင့် သူတို့ သည်ထိုပြည်တွင်နေထိုင်ရလိမ့်မည်။-
32. သင်တို့မူကားဤတောကန္တာရ၌သေဆုံးရ ကြမည်။-
33. သင်တို့ယုံကြည်မှုကင်းမဲ့သောကြောင့်ဤ တောကန္တာရ၌သင်တို့အနက် နောက်ဆုံးသော သူကွယ်လွန်သည်အထိသင်တို့၏သားသမီး များသည်နှစ်ပေါင်းလေးဆယ်တိုင်တိုင်တော ကန္တာရ၌လှည့်လည်နေထိုင်ရကြမည်။-