ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 11:5-12 Common Language Bible (BCL)

5. ငါ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် ငါး​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​လို​သ​လောက်​စား​ရ​၏။ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်​မြိတ်၊ ကြက် သွန်​နီ၊ ကြက်​သွန်​ဖြူ​တို့​ကို​လည်း​စား​ရ​၏။-

6. ယ​ခု​ငါ​တို့​အင်​အား​ကုန်​ခန်း​ပါ​ပြီ။ တစ်​နေ့ နောက်​တစ်​နေ့​ဤ​မန္န​မုန့်​အ​ပြင်​စား​စ​ရာ မ​ရှိ​ပါ'' ဟု​ညည်း​တွား​ကြ​လေ​သည်။

7. (မန္န​မုန့်​သည်​ဝါ​ဖျော့​ဖျော့​အ​ရောင်​ရှိ​သော သစ်​စေ့​က​လေး​များ​နှင့်​တူ​၏။-

8-9. ည​အ​ခါ​နှင်း​နှင့်​အ​တူ​စခန်း​ထဲ​သို့​ကျ​၏။ နံ​နက်​အ​ချိန်​တွင်​လူ​တို့​သည်​မန္န​မုန့်​ကို​လှည့် လည်​စု​သိမ်း​ပြီး​လျှင်​ကြိတ်​၍​ဖြစ်​စေ၊ ထောင်း ၍​ဖြစ်​စေ​မုန့်​ညက်​ပြု​လုပ်​ကြ​၏။ ထို​နောက် မုန့်​ညက်​ကို​ပေါင်း​၍​မုန့်​ပြား​ပြု​လုပ်​ကြ​၏။ အ​ရ​သာ​သည်​သံ​လွင်​ဆီ​နှင့်​ဖုတ်​သော​မုန့် အ​ရ​သာ​နှင့်​တူ​၏။)

10. လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​တဲ​ဝ​အ သီး​သီး​တွင်​စု​ရုံး​ကာ ညည်း​ညူ​နေ​ကြ​သော အ​သံ​ကို​မော​ရှေ​ကြား​ရ​၏။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကြောင့် မော​ရှေ​သည် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-

11. မော​ရှေ​က``ကိုယ်​တော်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် အား ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​သည်​ရှေ့​တော်​၌​မျက်​နှာ မ​ရ​ပါ​သ​နည်း။ ဤ​သူ​အ​ပေါင်း​တို့​အ​တွက် အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​တာ​ဝန်​ပေး​တော် မူ​ပါ​သ​နည်း။-

12. အ​ကျွန်ုပ်​သည်​သူ​တို့​ကို​ဝမ်း​နှင့်​လွယ်​၍​မွေး ထုတ်​ရ​သူ​ဖြစ်​ပါ​သ​လော။ ကိုယ်​တော်​သည်​သူ တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား တော်​မူ​သော​ပြည်​သို့​သွား​ရာ​လမ်း​တစ်​လျှောက် လုံး​တွင် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​က​လေး ထိန်း​သ​ဖွယ်​သူ​တို့​ကို​ပိုက်​ချီ​ဆောင်​ယူ​သွား စေ​ပါ​သ​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 11