4. ဣသရေလအမျိုးသားတို့နှင့်အတူလိုက် ပါလာသော နိုင်ငံခြားသားတို့သည်အသား ကိုတောင့်တကြ၏။ ဣသရေလအမျိုးသား တို့ကပင်လျှင်``အသားကိုစားချင်လှပါဘိ။-
5. ငါတို့သည်အီဂျစ်ပြည်တွင် ငါးကိုအဖိုး အခမပေးရဘဲလိုသလောက်စားရ၏။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်းစားရ၏။-
6. ယခုငါတို့အင်အားကုန်ခန်းပါပြီ။ တစ်နေ့ နောက်တစ်နေ့ဤမန္နမုန့်အပြင်စားစရာ မရှိပါ'' ဟုညည်းတွားကြလေသည်။
7. (မန္နမုန့်သည်ဝါဖျော့ဖျော့အရောင်ရှိသော သစ်စေ့ကလေးများနှင့်တူ၏။-
8-9. ညအခါနှင်းနှင့်အတူစခန်းထဲသို့ကျ၏။ နံနက်အချိန်တွင်လူတို့သည်မန္နမုန့်ကိုလှည့် လည်စုသိမ်းပြီးလျှင်ကြိတ်၍ဖြစ်စေ၊ ထောင်း ၍ဖြစ်စေမုန့်ညက်ပြုလုပ်ကြ၏။ ထိုနောက် မုန့်ညက်ကိုပေါင်း၍မုန့်ပြားပြုလုပ်ကြ၏။ အရသာသည်သံလွင်ဆီနှင့်ဖုတ်သောမုန့် အရသာနှင့်တူ၏။)
10. လူအပေါင်းတို့သည်မိမိတို့၏တဲဝအ သီးသီးတွင်စုရုံးကာ ညည်းညူနေကြသော အသံကိုမောရှေကြားရ၏။ ထာဝရဘုရား အမျက်ထွက်တော်မူသောကြောင့် မောရှေသည် စိတ်မချမ်းမသာဖြစ်၏။-
11. မောရှေက``ကိုယ်တော်အဘယ်ကြောင့်အကျွန်ုပ် အား ဆင်းရဲဒုက္ခရောက်စေတော်မူပါသနည်း။ အဘယ်ကြောင့်အကျွန်ုပ်သည်ရှေ့တော်၌မျက်နှာ မရပါသနည်း။ ဤသူအပေါင်းတို့အတွက် အကျွန်ုပ်အား အဘယ်ကြောင့်တာဝန်ပေးတော် မူပါသနည်း။-
12. အကျွန်ုပ်သည်သူတို့ကိုဝမ်းနှင့်လွယ်၍မွေး ထုတ်ရသူဖြစ်ပါသလော။ ကိုယ်တော်သည်သူ တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထား တော်မူသောပြည်သို့သွားရာလမ်းတစ်လျှောက် လုံးတွင် အဘယ်ကြောင့်အကျွန်ုပ်အားကလေး ထိန်းသဖွယ်သူတို့ကိုပိုက်ချီဆောင်ယူသွား စေပါသနည်း။-
13. ဤသူအပေါင်းတို့စားရန်အသားကိုအကျွန်ုပ် အဘယ်မှာရှာ၍ရနိုင်ပါမည်နည်း။ သူတို့သည် အသားစားလိုပါသည်ဟူ၍ ညည်းတွားတောင်း ဆိုလျက်ရှိကြပါသည်။-
14. ဤသူအပေါင်းတို့အတွက်အကျွန်ုပ်တစ်ဦး တည်းကတာဝန်မယူနိုင်ပါ။ ထိုတာဝန် သည်အကျွန်ုပ်အတွက်ကြီးလွန်းပါ၏။-
15. အကျွန်ုပ်သည်ဤတာဝန်ထမ်းဆောင်ရမည် ဟုဆိုလျှင် ကိုယ်တော်သည်အကျွန်ုပ်အား သနားသဖြင့်ယခုပင်အသက်သေစေ၍ ဤဆင်းရဲဒုက္ခမှကင်းလွတ်စေတော်မူပါ'' ဟုထာဝရဘုရားအားလျှောက်ထားလေ သည်။
16. ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့အထဲမှဂုဏ်အသရေရှိသူ ခေါင်းဆောင်ခုနစ်ဆယ်ကို ပဋိညာဉ်တဲတော် သို့လာရောက်စုရုံးစေပြီးလျှင်သင်နှင့် အတူရပ်နေစေလော့။-