18. ယခုသင်သည်သူတို့အားဤသို့မှာကြား လော့။ သူတို့သည်နက်ဖြန်နေ့အတွက်မိမိ တို့ကိုယ်ကိုသန့်စင်စေရမည်။ သူတို့သည် အသားကိုစားရလိမ့်မည်။ သူတို့သည်အီဂျစ် ပြည်၌အသားကိုစားရကြောင်း၊ ယခုသူ တို့အသားကိုစားလို၍ညည်းညူနေကြောင်း ကို ထာဝရဘုရားကြားတော်မူပြီ။ ထာဝရ ဘုရားသည်သူတို့စားရန်အသားကိုပေး တော်မူမည်ဖြစ်၍သူတို့စားရလိမ့်မည်။-
19. သူတို့သည်အသားကိုတစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်မျှသာ စားကြရမည်မကဘဲ၊-
20. အသားသည်သူတို့၏နားများမှထွက်၍ အသားကိုရွံမုန်းလာသည့်တိုင်အောင် တစ်လ လုံးလုံးစားရကြမည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည်အီဂျစ်ပြည်ကိုတသလျက်သူ တို့နှင့်အတူရှိတော်မူသောထာဝရဘုရား ကိုပစ်ပယ်ကာညည်းညူကြသောကြောင့်ဖြစ် သည်'' ဟုမိန့်တော်မူ၏။
21. မောရှေကထာဝရဘုရားအား``အကျွန်ုပ်မှာ လူပေါင်းခြောက်သိန်းရှိပါ၏။ ကိုယ်တော်က သူတို့အားတစ်လပတ်လုံးအသားကျွေး မည်ဟုမိန့်တော်မူပါသည်။-
22. သူတို့ဝလင်စွာစားနိုင်ရန်သိုးနွားဆိတ် အလုံအလောက်ရနိုင်ပါမည်လော။ သူတို့ အတွက်ပင်လယ်မှငါးအလုံအလောက် ရနိုင်ပါမည်လော'' ဟုလျှောက်ထားလေ၏။
23. ထာဝရဘုရားက``ငါမတတ်နိုင်သည့်အရာ ရှိသလော။ ငါမိန့်တော်မူသမျှအတိုင်းဖြစ် မည်မဖြစ်မည်ကိုသင်မကြာမီတွေ့မြင်ရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
24. မောရှေသည်တဲတော်တွင်းမှထွက်လာ၍ ထာဝရဘုရားမိန့်တော်မူသမျှကိုလူ အပေါင်းတို့အားပြန်ကြားလေသည်။ သူသည် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်ကိုခေါ်၍ တဲတော်ပတ်လည်တွင်ရပ်နေ စေ၏။-
25. ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။
26. ခေါင်းဆောင်ခုနစ်ဆယ်ထဲမှဧလဒဒ်နှင့်မေဒဒ် ဆိုသူနှစ်ဦးသည် တဲတော်သို့မသွားဘဲစခန်း ထဲတွင်ကျန်ရစ်ခဲ့ကြ၏။ သူတို့အပေါ်သို့ဝိညာဉ် တော်သက်ဆင်းလာသောအခါ သူတို့သည်လည်း ပရောဖက်များကဲ့သို့ကြွေးကြော်ကြသည်။-
27. လူငယ်တစ်ဦးကဧလဒဒ်နှင့်မေဒဒ်တို့ပြု မူပုံကို မောရှေထံသို့ပြေး၍ပြောကြား၏။
28. ထိုအခါငယ်စဉ်ကတည်းကမောရှေကိုကူ ညီခဲ့သောနုန်၏သားဖြစ်သော ယောရှုက မောရှေအား``အရှင်၊ သူတို့ကိုတားမြစ် ပါ'' ဟုတိုက်တွန်းလေသည်။
29. မောရှေက``ငါ၏အကျိုးကိုထောက်၍သင် ပြောနေသလော။ ထာဝရဘုရားသည်မိမိ ၏လူမျိုးတော်အားလုံးအပေါ်သို့ဝိညာဉ် တော်ကိုပေးအပ်သဖြင့် သူတို့သည်ပရော ဖက်များကဲ့သို့ကြွေးကြော်နိုင်ကြပါစေ သော'' ဟုပြန်ပြောလေ၏။-
30. ထိုနောက်မောရှေနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်ခုနစ်ဆယ်တို့သည် စခန်းသို့ပြန် သွားကြ၏။
31. ထာဝရဘုရားသည်ပင်လယ်ဘက်မှလေကို တိုက်စေသဖြင့် လေနှင့်အတူငုံးငှက်များပါ လာ၏။ ထိုငုံးငှက်များသည်မြေပြင်အထက် သုံးပေအမြင့်မှပျံသန်းလာ၍ စခန်းအတွင်း နှင့်စခန်းအပြင်မိုင်များစွာပတ်လည်နေရာ အနှံ့အပြားတွင်နားကြလေသည်။-
32. သို့ဖြစ်၍လူတို့သည်တစ်နေ့လုံး၊ တစ်ညလုံး နှင့်နောက်တစ်နေ့လုံးငုံးငှက်များကိုဖမ်းဆီး ကြ၏။ ယုတ်စွအဆုံးလူတစ်ဦးလျှင်ငုံးငှက် တင်းငါးဆယ်မျှဖမ်းဆီးမိသည်။ သူတို့သည် စခန်းပတ်လည်တွင်ငှက်များကိုဖြန့်၍ အခြောက်လှန်းကြသည်။-
33. ငုံးငှက်သားပေါများလျက်ရှိသေးချိန်တွင် ထာဝရဘုရားသည်အမျက်ထွက်၍သူ တို့တွင်ကပ်ရောဂါကျရောက်စေ၏။-