ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 11:16-23 Common Language Bible (BCL)

16. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ကို ပ​ဋိ​ညာဉ်​တဲ​တော် သို့​လာ​ရောက်​စု​ရုံး​စေ​ပြီး​လျှင်​သင်​နှင့် အ​တူ​ရပ်​နေ​စေ​လော့။-

17. ငါ​သည်​ကြွ​လာ​၍​သင်​နှင့်​စ​ကား​ပြော​ဆို​မည်။ ငါ​သည်​သင့်​အား​ပေး​အပ်​ထား​သော​စွမ်း​ရည် အ​ချို့​ကို​ယူ​၍ သူ​တို့​အား​ပေး​အပ်​မည်။ ထို အ​ခါ​ဤ​သူ​များ​အ​တွက်​ထမ်း​ရ​သော​တာ​ဝန် ကို​သူ​တို့​သည်​သင့်​အား​ကူ​ညီ​ထမ်း​ရွက်​နိုင် သ​ဖြင့် ထို​တာ​ဝန်​ကို​သင်​တစ်​ဦး​တည်း​ထမ်း ရန်​မ​လို​တော့​ချေ။-

18. ယ​ခု​သင်​သည်​သူ​တို့​အား​ဤ​သို့​မှာ​ကြား လော့။ သူ​တို့​သည်​နက်​ဖြန်​နေ့​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ သူ​တို့​သည် အ​သား​ကို​စား​ရ​လိမ့်​မည်။ သူ​တို့​သည်​အီ​ဂျစ် ပြည်​၌​အ​သား​ကို​စား​ရ​ကြောင်း၊ ယ​ခု​သူ တို့​အ​သား​ကို​စား​လို​၍​ညည်း​ညူ​နေ​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​စား​ရန်​အ​သား​ကို​ပေး တော်​မူ​မည်​ဖြစ်​၍​သူ​တို့​စား​ရ​လိမ့်​မည်။-

19. သူ​တို့​သည်​အ​သား​ကို​တစ်​ရက်၊ နှစ်​ရက်၊ ငါး​ရက်၊ ဆယ်​ရက်၊ အ​ရက်​နှစ်​ဆယ်​မျှ​သာ စား​ကြ​ရ​မည်​မ​က​ဘဲ၊-

20. အ​သား​သည်​သူ​တို့​၏​နား​များ​မှ​ထွက်​၍ အ​သား​ကို​ရွံ​မုန်း​လာ​သည့်​တိုင်​အောင် တစ်​လ လုံး​လုံး​စား​ရ​ကြ​မည်။ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​တ​သ​လျက်​သူ တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​ပစ်​ပယ်​ကာ​ညည်း​ညူ​ကြ​သော​ကြောင့်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။

21. မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​မှာ လူ​ပေါင်း​ခြောက်​သိန်း​ရှိ​ပါ​၏။ ကိုယ်​တော်​က သူ​တို့​အား​တစ်​လ​ပတ်​လုံး​အ​သား​ကျွေး မည်​ဟု​မိန့်​တော်​မူ​ပါ​သည်။-

22. သူ​တို့​ဝ​လင်​စွာ​စား​နိုင်​ရန်​သိုး​နွား​ဆိတ် အ​လုံ​အ​လောက်​ရ​နိုင်​ပါ​မည်​လော။ သူ​တို့ အ​တွက်​ပင်​လယ်​မှ​ငါး​အ​လုံ​အ​လောက် ရ​နိုင်​ပါ​မည်​လော'' ဟု​လျှောက်​ထား​လေ​၏။

23. ထာ​ဝ​ရ​ဘု​ရား​က``ငါ​မ​တတ်​နိုင်​သည့်​အ​ရာ ရှိ​သ​လော။ ငါ​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဖြစ် မည်​မ​ဖြစ်​မည်​ကို​သင်​မ​ကြာ​မီ​တွေ့​မြင်​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 11