1. လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-
2. ထိုအခါလူတို့သည်မောရှေအားအော်ဟစ်၍ အကူအညီတောင်းခံ၏။ မောရှေသည်ထာဝရ ဘုရားထံဆုတောင်းသဖြင့်မီးငြိမ်းသွား လေသည်။-
3. သူတို့အပေါ်တွင်ထာဝရဘုရားမှလောင် မီးကျသဖြင့် ထိုအရပ်ကိုတဗေရဟု သမုတ်ကြ၏။
4. ဣသရေလအမျိုးသားတို့နှင့်အတူလိုက် ပါလာသော နိုင်ငံခြားသားတို့သည်အသား ကိုတောင့်တကြ၏။ ဣသရေလအမျိုးသား တို့ကပင်လျှင်``အသားကိုစားချင်လှပါဘိ။-
5. ငါတို့သည်အီဂျစ်ပြည်တွင် ငါးကိုအဖိုး အခမပေးရဘဲလိုသလောက်စားရ၏။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်းစားရ၏။-
6. ယခုငါတို့အင်အားကုန်ခန်းပါပြီ။ တစ်နေ့ နောက်တစ်နေ့ဤမန္နမုန့်အပြင်စားစရာ မရှိပါ'' ဟုညည်းတွားကြလေသည်။
7. (မန္နမုန့်သည်ဝါဖျော့ဖျော့အရောင်ရှိသော သစ်စေ့ကလေးများနှင့်တူ၏။-