ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 11:1-20 Common Language Bible (BCL)

1. လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ညည်း​ညူ​သံ​ကို​ကြား​ရ​သော​အ​ခါ အ​မျက်​တော်​ထွက်​၍​သူ​တို့​အ​ပေါ်​တွင်​လောင် မီး​ကျ​စေ​၏။ မီး​သည်​စ​ခန်း​တစ်​ဘက်​စွန်း တွင်​ရှိ​သော​လူ​များ​ကို​လောင်​ကျွမ်း​စေ​၏။-

2. ထို​အ​ခါ​လူ​တို့​သည်​မော​ရှေ​အား​အော်​ဟစ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​၏။ မော​ရှေ​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မီး​ငြိမ်း​သွား လေ​သည်။-

3. သူ​တို့​အ​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​မှ​လောင် မီး​ကျ​သ​ဖြင့် ထို​အ​ရပ်​ကို​တ​ဗေ​ရ​ဟု သ​မုတ်​ကြ​၏။

4. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​လိုက် ပါ​လာ​သော နိုင်​ငံ​ခြား​သား​တို့​သည်​အ​သား ကို​တောင့်​တ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင်``အ​သား​ကို​စား​ချင်​လှ​ပါ​ဘိ။-

5. ငါ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် ငါး​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​လို​သ​လောက်​စား​ရ​၏။ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်​မြိတ်၊ ကြက် သွန်​နီ၊ ကြက်​သွန်​ဖြူ​တို့​ကို​လည်း​စား​ရ​၏။-

6. ယ​ခု​ငါ​တို့​အင်​အား​ကုန်​ခန်း​ပါ​ပြီ။ တစ်​နေ့ နောက်​တစ်​နေ့​ဤ​မန္န​မုန့်​အ​ပြင်​စား​စ​ရာ မ​ရှိ​ပါ'' ဟု​ညည်း​တွား​ကြ​လေ​သည်။

7. (မန္န​မုန့်​သည်​ဝါ​ဖျော့​ဖျော့​အ​ရောင်​ရှိ​သော သစ်​စေ့​က​လေး​များ​နှင့်​တူ​၏။-

8-9. ည​အ​ခါ​နှင်း​နှင့်​အ​တူ​စခန်း​ထဲ​သို့​ကျ​၏။ နံ​နက်​အ​ချိန်​တွင်​လူ​တို့​သည်​မန္န​မုန့်​ကို​လှည့် လည်​စု​သိမ်း​ပြီး​လျှင်​ကြိတ်​၍​ဖြစ်​စေ၊ ထောင်း ၍​ဖြစ်​စေ​မုန့်​ညက်​ပြု​လုပ်​ကြ​၏။ ထို​နောက် မုန့်​ညက်​ကို​ပေါင်း​၍​မုန့်​ပြား​ပြု​လုပ်​ကြ​၏။ အ​ရ​သာ​သည်​သံ​လွင်​ဆီ​နှင့်​ဖုတ်​သော​မုန့် အ​ရ​သာ​နှင့်​တူ​၏။)

10. လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​တဲ​ဝ​အ သီး​သီး​တွင်​စု​ရုံး​ကာ ညည်း​ညူ​နေ​ကြ​သော အ​သံ​ကို​မော​ရှေ​ကြား​ရ​၏။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကြောင့် မော​ရှေ​သည် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-

11. မော​ရှေ​က``ကိုယ်​တော်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် အား ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​သည်​ရှေ့​တော်​၌​မျက်​နှာ မ​ရ​ပါ​သ​နည်း။ ဤ​သူ​အ​ပေါင်း​တို့​အ​တွက် အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​တာ​ဝန်​ပေး​တော် မူ​ပါ​သ​နည်း။-

12. အ​ကျွန်ုပ်​သည်​သူ​တို့​ကို​ဝမ်း​နှင့်​လွယ်​၍​မွေး ထုတ်​ရ​သူ​ဖြစ်​ပါ​သ​လော။ ကိုယ်​တော်​သည်​သူ တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား တော်​မူ​သော​ပြည်​သို့​သွား​ရာ​လမ်း​တစ်​လျှောက် လုံး​တွင် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​က​လေး ထိန်း​သ​ဖွယ်​သူ​တို့​ကို​ပိုက်​ချီ​ဆောင်​ယူ​သွား စေ​ပါ​သ​နည်း။-

13. ဤ​သူ​အ​ပေါင်း​တို့​စား​ရန်​အ​သား​ကို​အ​ကျွန်ုပ် အ​ဘယ်​မှာ​ရှာ​၍​ရ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည် အ​သား​စား​လို​ပါ​သည်​ဟူ​၍ ညည်း​တွား​တောင်း ဆို​လျက်​ရှိ​ကြ​ပါ​သည်။-

14. ဤ​သူ​အ​ပေါင်း​တို့​အ​တွက်​အ​ကျွန်ုပ်​တစ်​ဦး တည်း​က​တာ​ဝန်​မ​ယူ​နိုင်​ပါ။ ထို​တာ​ဝန် သည်​အ​ကျွန်ုပ်​အ​တွက်​ကြီး​လွန်း​ပါ​၏။-

15. အ​ကျွန်ုပ်​သည်​ဤ​တာ​ဝန်​ထမ်း​ဆောင်​ရ​မည် ဟု​ဆို​လျှင် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား သ​နား​သ​ဖြင့်​ယ​ခု​ပင်​အ​သက်​သေ​စေ​၍ ဤ​ဆင်း​ရဲ​ဒုက္ခ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​လေ သည်။

16. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ကို ပ​ဋိ​ညာဉ်​တဲ​တော် သို့​လာ​ရောက်​စု​ရုံး​စေ​ပြီး​လျှင်​သင်​နှင့် အ​တူ​ရပ်​နေ​စေ​လော့။-

17. ငါ​သည်​ကြွ​လာ​၍​သင်​နှင့်​စ​ကား​ပြော​ဆို​မည်။ ငါ​သည်​သင့်​အား​ပေး​အပ်​ထား​သော​စွမ်း​ရည် အ​ချို့​ကို​ယူ​၍ သူ​တို့​အား​ပေး​အပ်​မည်။ ထို အ​ခါ​ဤ​သူ​များ​အ​တွက်​ထမ်း​ရ​သော​တာ​ဝန် ကို​သူ​တို့​သည်​သင့်​အား​ကူ​ညီ​ထမ်း​ရွက်​နိုင် သ​ဖြင့် ထို​တာ​ဝန်​ကို​သင်​တစ်​ဦး​တည်း​ထမ်း ရန်​မ​လို​တော့​ချေ။-

18. ယ​ခု​သင်​သည်​သူ​တို့​အား​ဤ​သို့​မှာ​ကြား လော့။ သူ​တို့​သည်​နက်​ဖြန်​နေ့​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ သူ​တို့​သည် အ​သား​ကို​စား​ရ​လိမ့်​မည်။ သူ​တို့​သည်​အီ​ဂျစ် ပြည်​၌​အ​သား​ကို​စား​ရ​ကြောင်း၊ ယ​ခု​သူ တို့​အ​သား​ကို​စား​လို​၍​ညည်း​ညူ​နေ​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​စား​ရန်​အ​သား​ကို​ပေး တော်​မူ​မည်​ဖြစ်​၍​သူ​တို့​စား​ရ​လိမ့်​မည်။-

19. သူ​တို့​သည်​အ​သား​ကို​တစ်​ရက်၊ နှစ်​ရက်၊ ငါး​ရက်၊ ဆယ်​ရက်၊ အ​ရက်​နှစ်​ဆယ်​မျှ​သာ စား​ကြ​ရ​မည်​မ​က​ဘဲ၊-

20. အ​သား​သည်​သူ​တို့​၏​နား​များ​မှ​ထွက်​၍ အ​သား​ကို​ရွံ​မုန်း​လာ​သည့်​တိုင်​အောင် တစ်​လ လုံး​လုံး​စား​ရ​ကြ​မည်။ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​တ​သ​လျက်​သူ တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​ပစ်​ပယ်​ကာ​ညည်း​ညူ​ကြ​သော​ကြောင့်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 11