ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇေဖနိ 3:9-16 Common Language Bible (BCL)

9. ``ထို​အ​ခါ​ငါ​သည်​လူ​မျိုး​အ​ပေါင်း​ကို ပြု​ပြင်​ပြောင်း​လဲ​စေ​မည်​ဖြစ်​၍ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ဘဲ ငါ့ ကို​သာ​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ​တို့​အား လုံး​ပင်​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ လိမ့်​မည်။-

10. ပျံ့​လွင့်​နေ​သော​ငါ​၏​လူ​မျိုး​တော်​သည် ဝေး​လံ​သော​ဆူ​ဒန်​ပြည်​မှ​ပင်​လျှင်​ငါ့​ထံ သို့​ပူ​ဇော်​သ​ကာ​များ​ကို​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-

11. အို ငါ​၏​လူ​မျိုး​တော်၊ ထို​အ​ခါ​သင်​တို့ သည်​ငါ့​ကို​ပုန်​ကန်​ခဲ့​သည့်​အ​တွက်​ရှက် ကြောက်​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။ ငါ သည်​မာ​န​ကြီး​သူ​မောက်​မာ​ထောင်​လွှား သူ​မှန်​သ​မျှ​ကို​ပယ်​ရှင်း​မည်​ဖြစ်​၍ သင် တို့​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌ မျှ​ယေ​ရု​ရှ​လင်​မြို့​ရှိ ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သည့်​တောင်​တော်​ပေါ်​တွင်​ငါ့​ကို​ပုန် ကန်​ကြ​တော့​မည်​မ​ဟုတ်။-

12. စိတ်​နှ​လုံး​နှိမ့်​ချ​နူး​ညံ့​သိမ်​မွေ့​သည့်​လူ​စု ကို​ထို​အ​ရပ်​တွင်​ငါ​ချန်​ထား​မည်။ သူ​တို့ သည်​လည်း​ငါ့​ထံ​သို့​လာ​ရောက်​ခို​လှုံ​ကြ လိမ့်​မည်။-

13. အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သည့်​ဣ​သ ရေ​လ​ပြည်​သား​တို့​သည်​အ​ဘယ်​သူ​ကို မျှ​ပြစ်​မှား​ကြ​လိမ့်​မည်​မ​ဟုတ်။ မု​သား စ​ကား​ပြော​ဆို​မှု​ကို​သော်​လည်း​ကောင်း၊ လိမ်​လည်​လှည့်​စား​ရန်​ကြိုး​စား​မှု​ကို​သော် လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ တို့​သည်​ကောင်း​စား​ကြ​လိမ့်​မည်။ အ​ဘယ် သူ​ကို​မျှ​မ​ကြောက်​မ​လန့်​ရ​ဘဲ ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

14. အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ဝမ်း​မြောက်​စွာ ကြွေး​ကြော်​သီ​ဆို​ကြ​လော့။အို ယေ​ရု​ရှ​လင်​မြို့​သူ၊စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရွှင်​လန်း​ဝမ်း​မြောက်​လော့။

15. ကိုယ်​တော်​သည်​သင်​တို့​အား​အ​တိုက်​အ​ခံ ပြု​သူ​များ​ကို​ဖယ်​ရှား​တော်​မူ​ပြီ။ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ​များ​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ယ​ခု​သင်​တို့​သည်​ကြောက်​လန့်​စ​ရာ အ​ကြောင်း​မ​ရှိ​တော့​ပြီ။

16. ထို​နေ့​တွင်​ယေ​ရု​ရှ​လင်​မြို့​အား​ဤ​သို့​ဆို လိမ့်​မည်။ ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်။သင်​သည်​လက်​မှိုင်​ချ​၍​မ​နေ​နှင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇေဖနိ 3