ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇေဖနိ 3:1-8 Common Language Bible (BCL)

1. မိ​မိ​၏​မြို့​သား​များ​ကို​ပင်​လျှင်​ညှင်း​ပန်း နှိပ်​စက်​ကာ​အ​ကျင့်​ပျက်​ပုန်​ကန်​တတ်​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​၏။-

2. ထို​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော် ကို​နား​မ​ထောင်။ ကိုယ်​တော်​၏​စည်း​ကမ်း​ကို မ​လိုက်​နာ။ ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား မှု​မ​ပြု။ ကိုယ်​တော်​၏​ကူ​မ​မှု​ကို​လည်း​မ တောင်း​ခံ​ခဲ့။-

3. ထို​ပြည်​ကို​အုပ်​ချုပ်​သော​အ​ရာ​ရှိ​တို့​သည် ခြင်္သေ့​ငယ်​များ​နှင့်​တူ​ကြ​၏။ တ​ရား​စီ​ရင် သူ​တို့​သည်​လည်း​လော​ဘ​ရ​မက်​ကြီး​လွန်း သ​ဖြင့် နံ​နက်​ချိန်​တိုင်​အောင်​အ​ရိုး​တစ်​ချောင်း ကို​မျှ​မ​စွန့်​ပစ်​နိုင်​သည့်​ဝံ​ပု​လွေ​ငယ်​များ နှင့်​တူ​ကြ​၏။-

4. ပ​ရော​ဖက်​တို့​သည်​တာ​ဝန်​မဲ့​ပြု​လုပ်​တတ် သည့်​သစ္စာ​ဖောက်​များ​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​ညစ် ညမ်း​စေ​၍ ဘု​ရား​သ​ခင်​၏​ပညတ်​တ​ရား တော်​ကို​မိ​မိ​တို့​အ​ကျိုး​ရှိ​ရာ​ရှိ​ကြောင်း လှည့်​ကွက်​ဆင်​၍​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို ကြ​၏။-

5. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့ တွင်​ရှိ​နေ​တော်​မူ​ပါ​သေး​၏။ ကိုယ်​တော် သည်​တ​ရား​သော​အ​မှု​ကို​သာ​လျှင်​ပြု တော်​မူ​၍​မ​တ​ရား​သည့်​အ​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ​ပြု​တော်​မ​မူ။ နံ​နက်​တိုင်း​မိ​မိ ၏​လူ​မျိုး​တော်​အား​မ​လွဲ​မ​သွေ​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​တော်​မူ​၏။ သို့​သော်​လည်း ထို​အ​ရပ်​ရှိ​လူ​မ​သ​မာ​တို့​သည်​မ​ကောင်း မှု​ကို​ဆက်​လက်​ပြု​ကျင့်​လျက်​နေ​ကြ​ပေ သည်။ သူ​တို့​တွင်​ရှက်​ကြောက်​မှု​လည်း​မ​ရှိ ကြ။

6. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ ကို​လုံး​ဝ​ဖျက်​ဆီး​ခဲ့​လေ​ပြီ။ သူ​တို့​၏​မြို့ များ​ကို​သုတ်​သင်​ဖျက်​ဆီး​၍​မြို့​တံ​တိုင်း များ၊ ရဲ​တိုက်​များ​ကို​လည်း​ယို​ယွင်း​ပျက် စီး​စေ​လေ​ပြီ။ မြို့​တို့​သည်​လူ​သူ​ဆိတ်​ငြိမ် လျက်​လမ်း​တို့​သည်​လည်း​ဟာ​လာ​ဟင်း လင်း​ဖြစ်​လျက်​နေ​ကြ​၏။ လူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ကြ​တော့​ပေ။-

7. ထို​စဉ်​အ​ခါ​က​ငါ​၏​လူ​မျိုး​တော်​သည် ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ကာ​ငါ​ပေး​သည့် စည်း​ကမ်း​ကို​လိုက်​နာ​ကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ ငါ​၏​သွန်​သင်​ဆုံး​မ​ချက် ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​ကြ လိမ့်​မည်​မ​ဟုတ်​ဟူ​၍​လည်း​ကောင်း​ငါ ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​မ​ကြာ​ခ​ဏ သူ​တို့​သည်​အ​ကျင့်​ဆိုး​ကို​ပြု​မြဲ​ပြု လျက်​နေ​ကြ​၏။

8. ထာ​ဝ​ရ​ဘု​ရား​က``စောင့်​မျှော်​၍​နေ​လော့။ လူ မျိုး​တ​ကာ​တို့​အား​ငါ​ထ​၍​ပြစ်​တင်​စွပ်​စွဲ မည့်​နေ့​ရက်​ကာ​လ​ကို​စောင့်​မျှော်​၍​နေ​လော့။ ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​ခံ​စား​စိမ့် သော​ငှာ၊ လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ ကို​စု​သိမ်း​ရန်​ငါ​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ ပြီ။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည်​ငါ​၏ အ​မျက်​တော်​မီး​ဖြင့်​ကျွမ်း​လောင်​ပျက်​စီး ၍​သွား​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇေဖနိ 3