8. ငါသည်မိမိ၏ပြည်တော်ကိုအဘယ်တပ် မျှဖြတ်သန်း၍ မသွားနိုင်စေရန်ကာကွယ် စောင့်ထိန်းမည်။ မင်းဆိုးမင်းညစ်တို့အားလည်း ငါ၏လူမျိုးတော်ကိုညှင်းပန်းနှိပ်စက်ခွင့် ပြုတော့မည်မဟုတ်။ ငါ၏လူတို့ဒုက္ခခံစား ခဲ့ရသည်ကိုငါမြင်တော်မူပြီ'' ဟုမိန့် တော်မူပါ၏။
9. ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်းစိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
10. ထာဝရဘုရားက၊``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကိုဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။
11. ထာဝရဘုရားက၊``ယဇ်ကောင်များ၏သွေးနှင့်တံဆိပ်ခတ် နှိပ်ကာ၊သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို ထောက်၍ငါသည်သင်တို့၏အမျိုးသားများအား ကယ်လွှတ်မည်။ရေမရှိသောတွင်းနက်တည်းဟူသောပြည်နှင်ဒဏ် ဘဝမှကယ်လွှတ်မည်။
12. အချင်းပြည်နှင်ဒဏ်သင့်သူတို့ပြန်လာကြလော့။မျှော်လင့်ချက်ရှိကြပေပြီ။ဘေးမဲ့လုံခြုံရာသင်တို့၏ရဲတိုက်သို့ပြန်လာ ကြလော့။သင်တို့ခံခဲ့ရသည့်ဆင်းရဲဒုက္ခများ၏ နှစ်ဆမျှသောကောင်းချီးမင်္ဂလာကိုသင်တို့အားငါပေးမည် ဖြစ်ကြောင်းယခုပင်ပြောကြားပါ၏။
13. ငါသည်ယုဒပြည်ကိုစစ်သူရဲ၏လေးအဖြစ် နှင့်လည်းကောင်း၊ဣသရေလပြည်ကိုမြားများအဖြစ် နှင့်လည်းကောင်း အသုံးပြုမည်။ဂရိတ်ပြည်ကိုတိုက်ခိုက်ရန်ငါသည်ဇိအုန် မြို့သားတို့အား ဋ္ဌားအဖြစ်အသုံးပြုမည်'' ဟုမိန့်တော်မူ၏။
14. ထာဝရဘုရားသည်မိမိလူမျိုးတော်ရှိရာ အရပ်သို့ကြွလာတော်မူ၍မြားတော်တို့ကိုလျှပ်စစ်ပြက် သကဲ့သို့ပစ်လွှတ်တော်မူလိမ့်မည်။ထာဝရဘုရားသည်တံပိုးခရာမှုတ်တော်မူ၍တောင်အရပ်မှလာသည့်လေမုန်တိုင်းနှင့်အတူ ချီတက်တော်မူလိမ့်မည်။
15. အနန္တတန်ခိုးရှင်ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ကိုကာကွယ်စောင့်ထိန်း တော်မူလိမ့်မည်။သူတို့သည်လည်းရန်သူများကို နှိမ်နင်းအောင်မြင်ကြလိမ့်မည်။သူတို့သည်သေသောက်ကြူးများကဲ့သို့စစ် ပွဲတွင်ဟစ်အော်ကြလျက်ရန်သူများကိုသတ်ဖြတ် ကြလိမ့်မည်။ထိုသူတို့၏သွေးသည်အင်တုံမှယဇ်ပလ္လင် ပေါ်သို့သွန်းလောင်းလိုက်သည့်သွေးကဲ့သို့စီးဆင်း လာလိမ့်မည်။
16. ထိုနေ့ရက်ကာလကျရောက်လာသောအခါသိုးထိန်းသည်သိုးစုအားဘေးအန္တရာယ်မှ ကယ်တင်သကဲ့သို့သူတို့၏ဘုရားသခင်ထာဝရဘုရားသည်မိမိလူမျိုးတော်အားကယ်တင်တော်မူ လိမ့်မည်။သူတို့သည်သရဖူမှကျောက်မျက်ရတနာ များကဲ့သို့၊ကိုယ်တော်၏ပြည်တွင်အရောင်အဝါ ထွန်းတောက်ကြလိမ့်မည်။
17. ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့်စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။