ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 9:6-17 Common Language Bible (BCL)

6. အာ​ဇုတ်​မြို့​တွင်​အ​မျိုး​မ​စစ်​သည့်​လူ​တို့​နေ ထိုင်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ဖိလိတ္တိ​အ​မျိုး​သား​တို့​မာန်​မာ​န​ကို​ချိုး​နှိမ် မည်။-

7. သူ​သည်​သွေး​ပါ​သည့်​အ​သား​ကို​သော်​လည်း ကောင်း၊ အ​ခြား​တား​မြစ်​ရာ​ပါ​အ​စား​အ​စာ ကို​သော်​လည်း​ကောင်း​စား​ကြ​တော့​မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ သည် ငါ​၏​လူ​မျိုးတော်​တွင်​ပါ​၍​လာ​ကြ​လိမ့် မည်။ သူ​တို့​သည်​ယု​ဒ​အ​နွယ်​ဝင်​သား​ချင်း စု​တစ်​စု​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။ ဧ​ကြုန်​မြို့ သား​တို့​သည်​ယေ​ဗု​သိ​မြို့​သား​များ​နည်း တူ​ငါ​၏​လူ​မျိုး​တွင်​အ​ပါ​အ​ဝင်​ဖြစ် လာ​ကြ​လိမ့်​မည်။-

8. ငါ​သည်​မိ​မိ​၏​ပြည်​တော်​ကို​အ​ဘယ်​တပ် မျှ​ဖြတ်​သန်း​၍ မ​သွား​နိုင်​စေ​ရန်​ကာ​ကွယ် စောင့်​ထိန်း​မည်။ မင်း​ဆိုး​မင်း​ညစ်​တို့​အား​လည်း ငါ​၏​လူ​မျိုး​တော်​ကို​ညှင်း​ပန်း​နှိပ်​စက်​ခွင့် ပြု​တော့​မည်​မ​ဟုတ်။ ငါ​၏​လူ​တို့​ဒုက္ခ​ခံ​စား ခဲ့​ရ​သည်​ကို​ငါ​မြင်​တော်​မူ​ပြီ'' ဟု​မိန့် တော်​မူ​ပါ​၏။

9. ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်းစိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။

10. ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​မှ​စစ်​မြင်း​ရ​ထား များ​ကိုဖယ်​ရှား​၍၊မြင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​သွား​မည်။စစ်​ပွဲ​တွင်​အ​သုံး​ပြု​သည့်​လေး​တို့​ကို​လည်း ချိုး​ပစ်​မည်။သင်​တို့​ဘု​ရင်​သည်​နိုင်​ငံ​တ​ကာ​နှင့်​စစ်​ပြေ ငြိမ်း​ရေး ဆောင်​ရွက်​ပြီး​လျှင်၊ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင်​သို့​တိုင်​အောင် လည်း​ကောင်း၊ဥ​ဖ​ရတ်​မြစ်​မှ​ကမ္ဘာ​မြေ​ကြီး​စွန်း​သို့​တိုင် အောင် လည်း​ကောင်း​အ​စိုး​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

11. ထာ​ဝ​ရ​ဘု​ရား​က၊``ယဇ်​ကောင်​များ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် နှိပ်​ကာ၊သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို ထောက်​၍ငါ​သည်​သင်​တို့​၏​အ​မျိုး​သား​များ​အား ကယ်​လွှတ်​မည်။ရေ​မ​ရှိ​သော​တွင်း​နက်​တည်း​ဟူ​သော​ပြည်​နှင်​ဒဏ် ဘ​ဝ​မှ​ကယ်​လွှတ်​မည်။

12. အ​ချင်း​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​ပြန်​လာ​ကြ​လော့။မျှော်​လင့်​ချက်​ရှိ​ကြ​ပေ​ပြီ။ဘေး​မဲ့​လုံ​ခြုံ​ရာ​သင်​တို့​၏​ရဲ​တိုက်​သို့​ပြန်​လာ ကြ​လော့။သင်​တို့​ခံ​ခဲ့​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​၏ နှစ်​ဆ​မျှ​သောကောင်း​ချီး​မင်္ဂ​လာ​ကို​သင်​တို့​အား​ငါ​ပေး​မည် ဖြစ်​ကြောင်း​ယ​ခု​ပင်​ပြော​ကြား​ပါ​၏။

13. ငါ​သည်​ယု​ဒ​ပြည်​ကို​စစ်​သူ​ရဲ​၏​လေး​အ​ဖြစ် နှင့်​လည်း​ကောင်း၊ဣ​သ​ရေ​လ​ပြည်​ကို​မြား​များ​အ​ဖြစ် နှင့်​လည်း​ကောင်း အ​သုံး​ပြု​မည်။ဂ​ရိတ်​ပြည်​ကို​တိုက်​ခိုက်​ရန်​ငါ​သည်​ဇိ​အုန် မြို့​သား​တို့​အား ဋ္ဌား​အ​ဖြစ်​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။

14. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ရှိ​ရာ အ​ရပ်​သို့ကြွ​လာ​တော်​မူ​၍​မြား​တော်​တို့​ကို​လျှပ်​စစ်​ပြက် သ​ကဲ့​သို့​ပစ်​လွှတ်​တော်​မူ​လိမ့်​မည်။ထာ​ဝ​ရ​ဘု​ရား​သည်​တံ​ပိုး​ခ​ရာ​မှုတ်​တော်​မူ​၍တောင်​အ​ရပ်​မှ​လာ​သည့်​လေ​မုန်​တိုင်း​နှင့်​အ​တူ ချီ​တက်​တော်​မူ​လိမ့်​မည်။

15. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်မိ​မိ​၏​လူ​မျိုး​တော်​ကို​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​လိမ့်​မည်။သူ​တို့​သည်​လည်း​ရန်​သူ​များ​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လိမ့်​မည်။သူ​တို့​သည်​သေ​သောက်​ကြူး​များ​ကဲ့​သို့​စစ် ပွဲ​တွင်ဟစ်​အော်​ကြ​လျက်​ရန်​သူ​များ​ကို​သတ်​ဖြတ် ကြ​လိမ့်​မည်။ထို​သူ​တို့​၏​သွေး​သည်​အင်​တုံ​မှ​ယဇ်​ပလ္လင် ပေါ်​သို့သွန်း​လောင်း​လိုက်​သည့်​သွေး​ကဲ့​သို့​စီး​ဆင်း လာ​လိမ့်​မည်။

16. ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါသိုး​ထိန်း​သည်​သိုး​စု​အား​ဘေး​အန္တ​ရာယ်​မှ ကယ်​တင်​သ​ကဲ့​သို့သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်မိ​မိ​လူ​မျိုး​တော်​အား​ကယ်​တင်​တော်​မူ လိမ့်​မည်။သူ​တို့​သည်​သ​ရ​ဖူ​မှ​ကျောက်​မျက်​ရ​တ​နာ များ​ကဲ့​သို့၊ကိုယ်​တော်​၏​ပြည်​တွင်​အ​ရောင်​အ​ဝါ ထွန်း​တောက်​ကြ​လိမ့်​မည်။

17. ပြည်​တော်​သည်​အ​ဘယ်​မျှ​သာ​ယာ​တင့် တယ်​လျက် နေ​ပါ​လိမ့်​မည်​နည်း။လူ​ငယ်​လူ​ရွယ်​တို့​သည်​ပြည်​တော်​ထွက်​ဂျုံ​ဆန်​နှင့်စ​ပျစ်​ရည်​ကို​မှီ​ဝဲ​လျက်၊အား​အင်​ပြည့်​ဖြိုး​၍ လာ​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 9