ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 9:4-8 Common Language Bible (BCL)

4. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​၏ စည်း​စိမ်​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​၍ ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​လိမ့်​မည်။ ထို​မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​၍​သွား လိမ့်​မည်။

5. ဤ​အ​မှု​ကို​အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်​၍ ကြောက်​လန့်​သွား​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် လည်း​မြင်​သ​ဖြင့်​စိတ်​နှ​လုံး​တုန်​လှုပ်​ခြောက် ချား​၍​သွား​လိမ့်​မည်။ ဧ​ကြုန်​မြို့​သည်​လည်း ထို​နည်း​လည်း​ကောင်း​ဖြစ်​၍​သူ​၏​မျှော်​လင့် ချက်​များ​ပျက်​ပြား​၍​သွား​လိမ့်​မည်။ ဂါ​ဇ မြို့​သည်​မင်း​ဆက်​ပြတ်​လျက်၊ အာရှ​ကေ​လုန် မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​၍​ကျန်​ရစ် လိမ့်​မည်။-

6. အာ​ဇုတ်​မြို့​တွင်​အ​မျိုး​မ​စစ်​သည့်​လူ​တို့​နေ ထိုင်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ဖိလိတ္တိ​အ​မျိုး​သား​တို့​မာန်​မာ​န​ကို​ချိုး​နှိမ် မည်။-

7. သူ​သည်​သွေး​ပါ​သည့်​အ​သား​ကို​သော်​လည်း ကောင်း၊ အ​ခြား​တား​မြစ်​ရာ​ပါ​အ​စား​အ​စာ ကို​သော်​လည်း​ကောင်း​စား​ကြ​တော့​မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ သည် ငါ​၏​လူ​မျိုးတော်​တွင်​ပါ​၍​လာ​ကြ​လိမ့် မည်။ သူ​တို့​သည်​ယု​ဒ​အ​နွယ်​ဝင်​သား​ချင်း စု​တစ်​စု​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။ ဧ​ကြုန်​မြို့ သား​တို့​သည်​ယေ​ဗု​သိ​မြို့​သား​များ​နည်း တူ​ငါ​၏​လူ​မျိုး​တွင်​အ​ပါ​အ​ဝင်​ဖြစ် လာ​ကြ​လိမ့်​မည်။-

8. ငါ​သည်​မိ​မိ​၏​ပြည်​တော်​ကို​အ​ဘယ်​တပ် မျှ​ဖြတ်​သန်း​၍ မ​သွား​နိုင်​စေ​ရန်​ကာ​ကွယ် စောင့်​ထိန်း​မည်။ မင်း​ဆိုး​မင်း​ညစ်​တို့​အား​လည်း ငါ​၏​လူ​မျိုး​တော်​ကို​ညှင်း​ပန်း​နှိပ်​စက်​ခွင့် ပြု​တော့​မည်​မ​ဟုတ်။ ငါ​၏​လူ​တို့​ဒုက္ခ​ခံ​စား ခဲ့​ရ​သည်​ကို​ငါ​မြင်​တော်​မူ​ပြီ'' ဟု​မိန့် တော်​မူ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 9