ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 8:13-23 Common Language Bible (BCL)

13. အို ယု​ဒ​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​တိတ် အ​ခါ​က​လူ​မျိုး​ခြား​တို့​သည်​မိ​မိ​တို့​အ​ချင်း ချင်း​ကျိန်​ဆဲ​ရာ​တွင်`သင်​တို့​သည်​ယု​ဒ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​များ​နှင့်​ကြုံ​တွေ့​ရကြ​ပါ စေ​သော' ဟု​ဆို​တတ်​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​အား​ကယ်​တင်​တော်​မူ​မည်​ဖြစ်​၍ ထို​လူ​မျိုး​ခြား​တို့​သည်​တစ်​ဦး​နှင့်​တစ်​ဦး၊ `သင်​တို့​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ များ​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော' ဟု​ဆို ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ရဲ​ရင့်​မှု​ရှိ​ကြ လော့။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

14. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင် တို့​၏​ဘိုး​ဘေး​များ​ငါ့​အား​အ​မျက်​ထွက် စေ​ကြ​သော​အ​ခါ ငါ​သည်​သူ​တို့​ကို​ဆိုး ကျိုး​ပေး​ရန်​ကြံ​စည်​ခဲ့​၏။ ထို​နောက်​စိတ် သ​ဘော​မ​ပြောင်း​မ​လဲ​ဘဲ​ယင်း​သို့​ကြံ စည်​သည့်​အ​တိုင်း​ငါ​ပြု​ခဲ့​၏။-

15. သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သား​တို့ အား​ကောင်း​ချီး​ပေး​ရန်​ကြံ​စည်​လျက် ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။-

16. သင်​တို့​ပြု​ကျင့်​သင့်​သည့်​အ​မှု​များ​မှာ အ​ချင်း​ချင်း​ဟုတ်​မှန်​ရာ​ကို​ပြော​ဆို​ရန် ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက်​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။-

17. သင်​တို့​သည်​အ​ချင်း​ချင်း​ဘေး​အန္တ​ရာယ်​ဖြစ် စေ​မည့်​အ​ကြံ​အ​စည်​ကို​မ​ပြု​ကြ​နှင့်။ ကျိန် ဆို​ခြင်း​ကို​ပြု​လျက်​မ​မှန်​သော​သက်​သေ​ကို မ​ခံ​ကြ​နှင့်။ လိမ်​လည်​ပြော​ဆို​မှု၊ မ​တ​ရား သည့်​အ​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ကို​ငါ​မုန်း ၏'' ဟု​မိန့်​တော်​မူ​၏။

18. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇာ​ခ​ရိ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

19. ``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။

20. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``တိုင်း နိုင်​ငံ​ကြီး​များ​နှင့်​မြို့​များ​မှ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​မည့် အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။-

21. မြို့​တစ်​မြို့​မှ​လူ​တို့​သည်​အ​ခြား​မြို့​မှ​လူ တို့​အား`ငါ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​သွား​ရောက်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း ခံ​ကြ​ကုန်​အံ့။ ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ကြ လော့' ဟု​ဆို​လိမ့်​မည်။-

22. တန်​ခိုး​ကြီး​မား​သည့်​တိုင်း​ကြီး​ပြည်​ကြီး သား​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရန်​နှင့်​ကိုယ် တော်​၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လိမ့်​မည်။-

23. ထို​နေ့​ရက်​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား တစ်​ဦး​အား​လူ​မျိုး​ခြား​တစ်​ကျိပ်​က``ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း ငါ​တို့​ကြား​သိ​ရ​ကြ​ပေ​ပြီ။ သို့​ဖြစ်​၍ ငါ​တို့​သည်​သင်​တို့​နှင့်​ဆိုး​တူ​ကောင်း​ဖက် ဖြစ်​လို​ကြ​ပါ​သည်' ဟု​ဆို​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 8