ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 6:1-12 Common Language Bible (BCL)

1. အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ ပြန်​၏။ ဤ​အ​ကြိမ်​၌​ငါ​သည်​ကြေး​ဝါ​တောင် နှစ်​ခု​ကြား​မှ​ထွက်​လာ​သော​စစ်​မြင်း​ရ​ထား လေး​စီး​ကို​မြင်​ရ​လေ​သည်။-

2. ပ​ထ​မ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နီ​များ၊ ဒု​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နက်​များ၊-

3. တ​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​ဖြူ​များ၊ စ​တုတ္ထ​စစ်​မြင်း​ရ​ထား​တွင်​ပြောက်​ကျား မြင်း​များ​က​လျက်​ရှိ​၏။-

4. ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား``အ​ရှင်၊ ဤ​စစ်​မြင်း​ရ​ထား​များ​ကား​မည်​သည့်​အ​နက် ကို​ဆောင်​ပါ​သ​နည်း'' ဟု​မေး​လျှင်၊

5. ကောင်း​ကင်​တ​မန်​က``ယင်း​တို့​သည်​လေ​လေး​ပါး ဖြစ်​၏။ ထို​လေ​တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး ကို​အ​စိုး​ရ​သော​အ​ရှင်​၏​ရှေ့​တော်​မှောက်​မှ ယ​ခု​ပင်​ထွက်​လာ​ခဲ့​ကြ​၏'' ဟု​ဆို​လေ​သည်။

6. မြင်း​နက်​များ​က​သည့်​စစ်​မြင်း​ရ​ထား​သည် မြောက်​အ​ရပ်​သို့​လည်း​ကောင်း၊ မြင်း​ဖြူ​များ သည်​အ​နောက်​ဘက်​သို့​လည်း​ကောင်း၊ ပြောက် ကျား​မြင်း​များ​သည်​တောင်​ဘက်​အ​ရပ် ဒေ​သ​သို့​လည်း​ကောင်း​သွား​လျက်​နေ​ကြ​၏။-

7. ပြောက်​ကျား​မြင်း​များ​သည်​ကမ္ဘာ​မြေ​ပြင် ကို​ကြည့်​ရှု​စစ်​ဆေး​ရန် အ​လျင်​စ​လို​ထွက် လာ​ကြ​လေ​သည်။ ကောင်း​ကင်​တ​မန်​က``သူ တို့​အား​ကမ္ဘာ​မြေ​ပြင်​ကို​သွား​ရောက်​ကြည့် ရှု​စစ်​ဆေး​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ထွက်​သွား​ကြ​၏။-

8. ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား၊``မြောက် အ​ရပ်​သို့​သွား​သည့်​မြင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပြေ​စေ​ကြ​လေ ပြီ'' ဟု​ပြော​၏။

9. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဤ​သို့​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-

10. ကိုယ်​တော်​က``ပြည်​နှင်​ဒဏ်​သင့်​သူ​ဟေ​လ​ဒဲ၊ တော​ဘိ​ယ​နှင့်​ယေ​ဒါ​သ​အ​နွယ်​ဝင်​တို့​၏ အ​လှူ​ပစ္စည်း​များ​ကို​ယူ​၍ ဇေ​ဖ​နိ​၏​သား ယော​ရှိ​အိမ်​သို့​ချက်​ချင်း​သွား​လော့။ ဤ​သူ အ​ပေါင်း​တို့​သည် ဗာ​ဗု​လုန်​ပြည်​တွင်​ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​များ ဖြစ်​၏။-

11. သူ​တို့​ပေး​လှူ​ထား​သည့်​ရွှေ​ငွေ​များ​ဖြင့် သ​ရ​ဖူ​တစ်​ခု​ကို​ပြု​လုပ်​၍ ယော​ဇ​ဒက် ၏​သား​ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​၏ ဦး​ခေါင်း​ကို​ဆောင်း​ပေး​လော့။-

12. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က``အ​ညွှန့် အ​တက်'' ဟု​နာ​မည်​တွင်​သူ​သည်​မိ​မိ​ရှိ​ရာ အ​ရပ်​တွင်​ကြီး​ပွား​တိုး​တက်​လျက်​ထာ​ဝ​ရ ဘုရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ရ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 6