ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 4:2-9 Common Language Bible (BCL)

2. ``အ​ဘယ်​အ​ရာ​ကို​သင်​မြင်​ပါ​သ​နည်း'' ဟု​မေး​၏။ ငါ​က​လည်း``ရွှေ​မီး​တင်​ခုံ​တစ်​ခု ကို​မြင်​ပါ​သည်။ မီး​တင်​ခုံ​တိုင်​ထိပ်​တွင်​ဆီ ခွက်​တစ်​ခု​ရှိ​ပါ​သည်။ မီး​တင်​ခုံ​ပေါ်​တွင် မီး​စာ​ခု​နစ်​စ​စီ​ရှိ​သော​မီး​ခွက်​ခု​နစ်​လုံး ရှိ​ပါ​သည်။-

3. မီး​တင်​ခုံ​၏​နံ​ဘေး​တစ်​ဖက်​တစ်​ချက်​တွင် သံ​လွင်​ပင်​တစ်​ပင်​စီ​ရှိ​ပါ​သည်'' ဟု​ဖြေ ကြား​လိုက်​လေ​သည်။-

4. ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား၊ အ​ရှင် ဤ​အ​ရာ​တို့​သည်​အ​ဘယ်​အ​ဖြစ်​အ​ပျက် များ​ကို​သ​ရုပ်​ဆောင်​ပါ​သ​နည်း'' ဟု​မေး​၏။

5. ကောင်း​ကင်​တ​မန်​က``သင်​မ​သိ​ပါ​သ​လော'' ဟု​ဆို​လျှင် ငါ​က​လည်း``အ​ရှင်​အ​ကျွန်ုပ်​မ သိ​ပါ'' ဟု​ပြန်​လည်​ဖြေ​ကြား​လိုက်​၏။

6. ကောင်း​ကင်​တ​မန်​က​ငါ့​အား``သင်​သည်​ဇေ​ရု​ဗ ဗေ​လ​သို့​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဤ ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​လော့။ ကိုယ်​တော်​က သူ့​အား`သင်​သည်​မိ​မိ​၏​တန်​ခိုး​စွမ်း​ရည်​အား ဖြင့်​သော်​လည်း​ကောင်း၊ စစ်​သည်​ဗိုလ်​ခြေ​အင်​အား အား​ဖြင့်​သော်​လည်း​ကောင်း​ဤ​အ​မှု​ကို​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​၏​ဝိ​ညာဉ်​တော်​တန်​ခိုး တော်​အား​ဖြင့်​သာ​လျှင်​ပြု​နိုင်​လိမ့်​မည်'' ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-

7. တောင်​များ​သ​ဖွယ်​ကြီး​မား​သည့်​အ​ခက် အ​ခဲ​တို့​သည်​သင်​၏​ရှေ့​မှ​ကွယ်​ပျောက်​သွား လိမ့်​မည်။ သင်​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ရ​လိမ့်​မည်။ တိုက်​ထောင့်​အ​ထွတ် ကျောက်​ကို​အ​ပြီး​သတ်​တပ်​ဆင်​လိုက်​သော အ​ခါ ပြည်​သူ​တို့​က`တင့်​တယ်​လှ​ပါ​ပေ​သည်၊ တင့်​တယ်​လှ​ပါ​ပေ​သည်' ဟု​ကြွေး​ကြော် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။''

8. ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​အ​ခြား​နှုတ် က​ပတ်​တော်​တစ်​ပါး​သည် ငါ​၏​ထံ​တော် သို့​ရောက်​ရှိ​လာ​ပြန်​၏။-

9. ကိုယ်​တော်​က၊``ဇေ​ရု​ဗ​ဗေ​လ​သည်​ဗိ​မာန် တော်​အုတ်​မြစ်​ကို​ချ​ထား​ပြီး​လေ​ပြီ။ သူ သည်​ထို​အ​ဆောက်​အ​ဦး​ကို​လက်​စ​သတ် ရ​ပေ​လိမ့်​မည်။ ယင်း​သို့​လက်​စ​သတ်​သော အ​ခါ​၌​ငါ​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့ ထံ​သို့​သင့်​ကို​စေ​လွှတ်​ခဲ့​သူ​မှာ အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သိ​ရှိ ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 4