ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 4:10-14 Common Language Bible (BCL)

10. သူ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် တိုး တက်​မှု​နှေး​ကွေး​သည့်​အ​တွက်​စိတ်​ပျက်​ကြ သော်​လည်း ဗိ​မာန်​တော်​ကို​ဇေ​ရု​ဗ​ဗေ​လ​သည် ချိန်​ကြိုး​ကိုင်​လျက် ဆက်​လက်​တည်​ဆောက်​လျက် နေ​ကြောင်း​ကို​တွေ့​မြင်​ရ​သော​အ​ခါ​၌​မူ ဝမ်း​မြောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​က​ငါ့​အား``မီး​ခွက်​ခု​နစ် ခု​သည်​ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​တွေ့ မြင်​နိုင်​သော ထာ​ဝ​ရ​ဘု​ရား​၏​မျက်​စိ ခု​နစ်​လုံး​ဖြစ်​၏'' ဟု​ပြော​၏။

11. ထို​အ​ခါ​ငါ​သည်​သူ့​အား``မီး​တင်​ခုံ​၏ တစ်​ဖက်​တစ်​ချက်​တွင်​ရှိ​သော​သံ​လွင်​ပင် နှစ်​ပင်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​အ​ဘယ် သို့​နည်း။-

12. သံ​လွင်​ဆီ​များ​ကျ​ဆင်း​ရာ​ရွှေ​ပြွန်​နှစ်​လုံး ၏​နံ​ဘေး​တွင်​ရှိ​သော​သံ​လွင်​ခက်​နှစ်​ခု​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ​လည်း​အ​ဘယ်​နည်း'' ဟု မေး​၏။

13. သူ​က​ငါ့​အား``သင်​မ​သိ​ပါ​သ​လော'' ဟု ဆို​လျှင်၊ငါ​က​လည်း`အ​ရှင်​အ​ကျွန်ုပ်​မ​သိ​ပါ' ဟု ပြန်​လည်​ဖြေ​ကြား​လိုက်​၏။

14. ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``ဤ​အ​ရာ တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​အ​စိုး ရ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​ကိုယ်​တော်​ရွေး​ချယ်​ဘိ​သိက် ပေး​တော်​မူ​သော​သူ​နှစ်​ဦး​ဖြစ်​၏'' ဟု​ဆို လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 4