ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဇာ​ခ​ရိ 13:3-6 Common Language Bible (BCL)

3. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ် တော်​ကို ဆင့်​ဆို​သူ​ရှိ​နေ​သေး​ပါ​မူ​သူ​၏ မိ​ဘ​များ​သည် သူ့​အား`သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ပါ သည်​ဟု​ဆို​သော်​လည်း မု​သား​စ​ကား​များ ကို​သာ​လျှင်​အ​သုံး​ပြု​သ​ဖြင့်​သေ​ဒဏ် ခံ​ရ​ပေ​မည်' ဟု​ဆို​ကာ​ထို​သူ​ဟော​ပြော နေ​ချိန်​၌​ပင် သူ​၏​မိ​ဘ​များ​သည်​သူ့ အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​ကြ​လိမ့်​မည်။-

4. ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​အ​ဘယ် ပ​ရော​ဖက်​မျှ မိ​မိ​တွေ့​မြင်​ရ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​သူ​မျှ​ပ​ရော​ဖက်​၏​အ​ပြု အ​မူ​မျိုး​ကို​ပြု​လိမ့်​မည်​မ​ဟုတ်။ လှည့်​ဖျား ရန်​အ​လို​ငှာ​ပ​ရော​ဖက်​၏​အ​ဝတ်​မျိုး​ကို လည်း​ဝတ်​လိမ့်​မည်​မ​ဟုတ်။-

5. ယင်း​သို့​ပြု​မည့်​အ​စား`အ​ကျွန်ုပ်​သည်​ပ​ရော ဖက်​မ​ဟုတ်​ပါ။ လယ်​သ​မား​ဖြစ်​၍​တစ်​သက် လုံး​လယ်​ယာ​ကို​ထွန်​ယက်​ခဲ့​ပါ​၏' ဟု​ဆို လိမ့်​မည်။-

6. ထို​နောက်​အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်`သင် ၏​ရင်​၌​ရှိ​သော​ဒဏ်​ရာ​ကား​အ​ဘယ်​နည်း' ဟု မေး​ခဲ့​သော်​ထို​သူ​က`အ​ကျွန်ုပ်​သည်​ဤ​ဒဏ် ရာ​များ​ကို​မိတ်​ဆွေ​တစ်​ဦး​၏​အိမ်​တွင်​ရ​ရှိ ခဲ့​ပါ​သည်' ဟု​ပြန်​ပြော​လိမ့်​မည်'' ဟူ​၍​မိန့် တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဇာ​ခ​ရိ 13