ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 99:6-9 Common Language Bible (BCL)

6. မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ကိုယ်​တော်​၏ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​၏။ရှ​မွေ​လ​သည်​လည်း​ကိုယ်​တော်​အား​ဆု​တောင်း ပတ္ထ​နာ​ပြု​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အားဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ​ကိုယ်​တော် သည် နား​ညောင်း​တော်​မူ​၏။

7. သူ​တို့​အား​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက်​ထဲ​က မိန့်​မှာ​တော်​မူ​၏။သူ​တို့​သည်​လည်း​ကိုယ်​တော်​ပေး​တော်​မူ​သောတ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​စောင့်​ထိန်း​ကြ​၏။

8. အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​ခေါ်​သော အ​ခါ ထူး​တော်​မူ​ပါ​၏။ထို​သူ​တို့​ပြု​သည့်​အ​ပြစ်​များ​အ​တွက် ဒဏ်​ခတ်​တော်​မူ​သော်​လည်းသူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

9. ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 99