19. ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်လျက် သောကရောက်သောအခါကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားစိတ်သက်သာခွင့်ကိုပေး၍ ဝမ်းမြောက်စေတော်မူပါ၏။
20. ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့်အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
21. သူတို့သည်သူတော်ကောင်းတို့ကိုသေကြောင်း ကြံစည်ကြပါ၏။အပြစ်မဲ့သူတို့ကိုသေဒဏ်စီရင်ကြပါ၏။
22. သို့ရာတွင်ထာဝရဘုရားသည်ငါ့ကို ကွယ်ကာတော်မူ၏။ငါ၏ဘုရားသခင်သည်ငါခိုလှုံရာဖြစ် တော်မူ၏။
23. ကိုယ်တော်သည်ထိုသူတို့၏ယုတ်မာမှုများ အတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။သူတို့၏အပြစ်များအတွက်သူတို့အား သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။