13. ထိုသူအားသူယုတ်မာတို့ကျစေရန် တွင်းတူး၍မပြီးစီးမီဆိုးရွားသည့်အချိန်ကာလမှ လွတ်ငြိမ်းခွင့်ကိုကိုယ်တော်ပေးတော်မူပါ၏။
14. ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
15. တရားရုံးများ၌တရားမျှတစွာစီရင်မှု တစ်ဖန်ရှိလိမ့်မည်။သူတော်ကောင်းအပေါင်းတို့သည်လည်းယင်းတရားမျှတစွာစီရင်မှုကို ထောက်ခံကြလိမ့်မည်။
16. အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
17. အကယ်၍ထာဝရဘုရားသာလျှင်ငါ့အား ကူမတော်မမူခဲ့သော်ငါသည်ဆိတ်ညံရာအရပ်သို့အလျင်အမြန် ရောက်ရမည်သာဖြစ်ပေသည်။
18. အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ခြေချော်၍လဲပြီဟု ထင်ရသောအခါကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကျွန်တော်မျိုးအားချီပင့်ထားတော်မူပါ၏။
19. ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်လျက် သောကရောက်သောအခါကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားစိတ်သက်သာခွင့်ကိုပေး၍ ဝမ်းမြောက်စေတော်မူပါ၏။
20. ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့်အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
21. သူတို့သည်သူတော်ကောင်းတို့ကိုသေကြောင်း ကြံစည်ကြပါ၏။အပြစ်မဲ့သူတို့ကိုသေဒဏ်စီရင်ကြပါ၏။
22. သို့ရာတွင်ထာဝရဘုရားသည်ငါ့ကို ကွယ်ကာတော်မူ၏။ငါ၏ဘုရားသခင်သည်ငါခိုလှုံရာဖြစ် တော်မူ၏။
23. ကိုယ်တော်သည်ထိုသူတို့၏ယုတ်မာမှုများ အတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။သူတို့၏အပြစ်များအတွက်သူတို့အား သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။