ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 94:12-19 Common Language Bible (BCL)

12. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​မှု​ကို​ခံ​ရ​သော သူ၊တ​ရား​တော်​နှင့်​ဆိုင်​၍​ကိုယ်​တော်​၏​သွန်​သင် မှု​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။

13. ထို​သူ​အား​သူ​ယုတ်​မာ​တို့​ကျ​စေ​ရန် တွင်း​တူး​၍မ​ပြီး​စီး​မီ​ဆိုး​ရွား​သည့်​အ​ချိန်​ကာ​လ​မှ လွတ်​ငြိမ်း​ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မူ​ပါ​၏။

14. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ပစ်​ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​ကို စွန့်​ပယ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

15. တ​ရား​ရုံး​များ​၌​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု တစ်​ဖန်​ရှိ​လိမ့်​မည်။သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​လည်းယင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု​ကို ထောက်​ခံ​ကြ​လိမ့်​မည်။

16. အ​ဘယ်​သူ​သည်​ငါ့​ဘက်​မှာ​ရှိ​၍​သူ​ယုတ်​မာ တို့​အား ဆန့်​ကျင်​ပါ​သ​နည်း။အ​ဘယ်​သူ​သည်​ငါ့​တစ်​ဘက်​ရှိ​မ​ကောင်း​မှု ပြု​သူ​တို့​အား​ဆန့်​ကျင်​ပါ​သ​နည်း။

17. အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ငါ့​အား ကူ​မ​တော်​မ​မူ​ခဲ့​သော်ငါ​သည်​ဆိတ်​ညံ​ရာ​အ​ရပ်​သို့​အ​လျင်​အ​မြန် ရောက်​ရ​မည်​သာ​ဖြစ်​ပေ​သည်။

18. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ခြေ​ချော်​၍​လဲ​ပြီ​ဟု ထင်​ရ​သော​အ​ခါကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကျွန်​တော်​မျိုး​အား​ချီ​ပင့်​ထား​တော်​မူ​ပါ​၏။

19. ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​လျက် သော​က​ရောက်​သော​အ​ခါ​ကိုယ်​တော်​ရှင် သည်ကျွန်​တော်​မျိုး​အား​စိတ်​သက်​သာ​ခွင့်​ကို​ပေး​၍ ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 94