ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 94:1-11 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ပြစ်​ပေး​ပိုင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​ပေါ်​လွင်​ထင်​ရှား စေ​တော်​မူ​ပါ။

2. ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​အားတ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော် မူ​ပါ​၏။ထ​တော်​မူ​၍​မာ​န​ကြီး​သူ​တို့​အား​ထိုက်​လျောက်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​ပါ။

3. သူ​ယုတ်​မာ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဝမ်း​မြောက်​ကြ​ပါ​ဦး​မည်​နည်း။အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​ပါ​ဦး​မည်​နည်း။

4. ပြစ်​မှု​ကူး​လွန်​သူ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မာန်​မာ​န​ထောင်​လွှား​၍မိ​မိ​တို့​၏​ပြစ်​မှု​များ​အ​ကြောင်း​ကို​ကြွား​ဝါ​လျက် နေ​ကြ​ပါ​ဦး​မည်​နည်း။

5. အို ထာ​ဝ​ရ​ဘု​ရား၊သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို နှိပ်​ကွပ်​ကြ​ပါ​၏။ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​အား ဖိ​စီး​နှိပ်​စက်​ကြ​ပါ​၏။

6. သူ​တို့​သည်​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​တို့​အား သတ်​ဖြတ်​ကြ​ပါ​၏။ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သော ဧည့်​သည်​တို့​ကို​သတ်​ကြ​ပါ​၏။

7. သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မြင်​တော်​မ​မူ။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရှု​မြင်​တော်​မ​မူ'' ဟု​ဆို​ကြ​၏။

8. ငါ​၏​လူ​စု​တော်​တို့၊သင်​တို့​သည်​အ​ဘယ် သို့​လျှင်ဤ​မျှ​အ​သိ​ဉာဏ်​တုံး​လျက်​မိုက်​မဲ​၍ နေ​နိုင်​ကြ​ပါ​သ​နည်း။အ​ဘယ်​အ​ခါ​ကျ​မှ​တတ်​သိ​လိမ္မာ​၍ လာ​ကြ​ပါ​မည်​နည်း။

9. ငါ​တို့​၏​နား​များ​ကို​ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​သည် မြင်​တော်​မူ​နိုင်​သည်​မ​ဟုတ်​လော။

10. လူ​မျိုး​တ​ကာ​တို့​ကို​ဆုံး​မ​သော​အ​ရှင်​သည်သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​မည်​မ​ဟုတ် ပါ​လော။လူ​အ​ပေါင်း​တို့​ကို​အ​သိ​ပ​ညာ​သွန်​သင်​သောအ​ရှင်​သည်​အ​သိ​ပ​ညာ​ရှိ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။

11. ထို​သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​၏။သူ​တို့​စဉ်း​စား​ဆင်​ခြင်​မှု​များ​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကိုယ်​တော်​သိ​တော် မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 94