ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 92:1-11 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ခြင်း​သည်​လည်း​ကောင်း၊အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ သီ​ချင်း ကူး​အေး​ရ​ခြင်း​သည်​လည်း​ကောင်း၊

2-3. ချို​သာ​နာ​ပျော်​ဖွယ်​သော​စောင်း​သံ​နှင့်​တ​ကွ ကြိုး​တပ်​တူ​ရိ​ယာ​သံ​တို့​ဖြင့်နံ​နက်​တိုင်း​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ဖော်​ကူး​၍ညဥ့်​တိုင်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကိုထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​သည်​လည်း​ကောင်း လျောက်​ပတ်​လှ​ပါ​၏။

4. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သောအ​မှု​တော်​များ​သည်​ကျွန်​တော်​မျိုး​အား ဝမ်း​မြောက်​ရွှင်​လန်း​စေ​ပါ​၏။ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​များ​ကြောင့်ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။

5. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​သည် ကြီး​မြတ်​လှ​ပါ​၏။ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​သည်​လည်း နက်​နဲ​လှ​ပါ​၏။

6. လူ​မိုက်​တို့​မ​သိ​နိုင်​သော​အ​ရာ၊အ​သိ​ဉာဏ်​တုံး သူ​တို့ နား​မ​လည်​နိုင်​သော​အ​ရာ​တစ်​ခု​ရှိ​ပါ​၏။

7. ထို​အ​ရာ​ကား၊သူ​ယုတ်​မာ​တို့​သည်​ပေါင်း​ပင်​များ သ​ဖွယ် ကြီး​ပွား​တိုး​တက်​၍မ​ကောင်း​မှု​ပြု​သူ​တို့​သည်​ကောင်း​စား​ကြ​သော်​လည်းထို​သူ​တို့​သည်​လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ကြ​ရ​မည်​ဖြစ်​၏။

8. အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သော​ကိုယ်​တော်​ရှင်​သည်ထာ​ဝ​စဉ်​အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင် ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။

9. ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သေ​ကြေ​ပျက်​စီး ရ​ကြ​မည်​ကို​လည်း​ကောင်း၊သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်အ​ရေး​ရှုံး​နိမ့်​ရ​ကြ​မည်​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​သိ​ပါ​၏။

10. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား နွား​လား​ရိုင်း​ကဲ့​သို့​သန်​စွမ်း​စေ​တော်​မူ​ပါ​ပြီ။ကျွန်​တော်​မျိုး​အား​ရွှင်​လန်း​ဝမ်း​မြောက်​ရ​ခြင်း ကောင်း​ချီး​မင်္ဂလာ​ကို​ပေး​တော်​မူ​ပါ​ပြီ။

11. ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို​ကျွန်​တော်​မျိုး မြင်​ရ​ပါ​ပြီ။သူ​ယုတ်​မာ​တို့​ငို​ကြွေး​သံ​ကို​ကြား​ရ​ပါ​ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 92