ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 89:40-52 Common Language Bible (BCL)

40. သူ​၏​မြို့​တော်​တံ​တိုင်း​များ​ကို​ချိုး​ဖျက်​တော်​မူ​၍ သူ​၏​ခံ​တပ်​များ​ကို​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။

41. သူ​၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​ကြ​သူ အ​ပေါင်း​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​ပါ​၏။အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ပြောင်​လှောင် ကြ​ပါ​၏။

42. ကိုယ်​တော်​ရှင်​သည်​သူ​၏​ရန်​သူ​တို့​အား​အောင်​ပွဲ​ကို ခံ​စေ​တော်​မူ​ပါ​ပြီ။သူ​တို့​အား​လုံး​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စေ​တော် မူ​ပါ​ပြီ။

43. ကိုယ်​တော်​ရှင်​သည်​သူ​၏​ဋ္ဌား​တို့​ကို​တုံး​စေ​တော် မူ​၍ သူ့​အား​စစ်​ပွဲ​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ ပါ​ပြီ။

44. ကိုယ်​တော်​ရှင်​သည်​သူ​၏​လှံ​တံ​တော်​ကို ယူ​သိမ်း​တော်​မူ​၍သူ​၏​ရာ​ဇ​ပလ္လင်​တော်​ကို​မြေ​သို့ လဲ​ကျ​စေ​တော်​မူ​ပါ​ပြီ။

45. ကိုယ်​တော်​ရှင်​သည်​သူ့​အား​အ​ချိန်​မ​ကျ​မီ အို​စေ​တော်​မူ​၍​အ​ရှက်​တ​ကွဲ​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။

46. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​အ​စဉ်​ပင် ဖုံး​ကွယ်​၍​ထား​တော်​မူ​ပါ​မည်​လော။ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​အ​ဘယ်​မျှကြာ​အောင်​မီး​ကဲ့​သို့​တောက်​လောင်​၍ နေ​တော်​မူ​ပါ​မည်​နည်း။

47. ကျွန်​တော်​မျိုး​၏​အ​သက်​သည်​အ​ဘယ်​မျှ​တို​ကြောင်း အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​သေ​မျိုး​ဖြစ်​သောကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား​ဖန်​ဆင်း​ထား တော်​မူ​သည်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။

48. အ​ဘယ်​သူ​သည်​မ​သေ​ဘဲ​အ​စဉ်​အ​သက်​ရှင်​၍ နေ​နိုင်​ပါ​မည်​နည်း။လူ​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သို့​လျှင်သင်္ချိုင်း​တွင်း​သို့​မ​ရောက်​အောင်​တား​ဆီး​နိုင် ပါ​မည်​နည်း။

49. အို ဘု​ရား​သ​ခင်၊ယ​ခင်​က​ဖော်​ပြ​ခဲ့​သော​ကိုယ်​တော်​ရှင်​၏ မေတ္တာ​တော်​ကား​အ​ဘယ်​မှာ​နည်း။ဒါ​ဝိဒ်​အား​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သော က​တိ​တော်​များ​ကား​အ​ဘယ်​မှာ​နည်း။

50. ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​သည် အ​ဘယ်​သို့ အ​စော်​ကား​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ဘု​ရား​မဲ့​သူ​တို့​၏​ကျိန်​ဆဲ​ခြင်း​များ​ကိုအ​ဘယ်​သို့​ကျွန်​တော်​မျိုး​ခံ​ရ​သည်​ကို လည်း​ကောင်း မေ့​တော်​မ​မူ​ပါ​နှင့်။

51. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​ဘု​ရင်​ကိုကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​စော်​ကား​ကြ ပါ​သည်​တ​ကား။သူ​တို့​သည်​သူ့​အား​သွား​လေ​ရာ​ရာ​တွင် စော်​ကား​ကြ​ပါ​၏။

52. ထာ​ဝ​ရ​ဘု​ရား​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​ကုန်​လော့။အာ​မင်၊ အာ​မင်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 89